Zawgyi

Google ကေန Android 10 ကို လာမယ့္ စက္တင္ဘာလ ၃ ရက္ေန႔ဆိုရင္ Google Pixel စမတ္ဖုန္းေတြအတြက္ စတင္ၿပီး Update ထုတ္ေပးသြားေတာ့မွာျဖစ္ပါတယ္။ အခုလည္း Xiaomi ကေန Redmi K20 Pro စမတ္ဖုန္းအတြက္ Android 10 Update ကို ေပးေတာ့မယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Xiaomi ကေန India ႏိုင္ငံမွာ Redmi K20 Pro စမတ္ဖုန္းအသုံးျပဳသူေတြအတြက္ Android 10 Stable Beta Program ကို စတင္ေခၚယူေနတာပဲျဖစ္ပါတယ္။ အခု Beta Program အတြက္ Register ျပဳလုပ္ႏိုင္မယ့္အခ်ိန္က လာမယ့္ စက္တင္ဘာလ ၈ ရက္ေန႔အထိျဖစ္တဲ့အတြက္ ျဖစ္ႏိုင္တာက လာမယ့္ စက္တင္ဘာလလယ္ပိုင္းမွာ Android 10 Update ကို စတင္ရရွိမယ့္ပုံစံပါပဲ။

အခုလိုမ်ိဳး Beta Program ကို ဝင္ေရာက္တဲ့သူေတြအေနနဲ႔ Android 10 ကို Special OTA Update ရရွိမွာျဖစ္ၿပီးေတာ့ Xiaomi Official Forum ထဲမွာလည္း “Android 10 Tester” Group Access နဲ႔ Android 10 Tester Medal တစ္ခုကို ရရွိမွာပါ။ ဒ့ါအျပင္ Feedback အေကာင္းဆုံးျပန္ေပးႏိုင္တဲ့သူေတြကိုလည္း Xiaomi ရဲ႕ Launch Event ေတြကို တက္ေရာက္ခြင့္ရရွိဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ Xiaomi ရဲ႕ Redmi K20 Pro စမတ္ဖုန္းဟာ ဒီႏွစ္အတြက္ Xiaomi ရဲ႕ ေအာင္ျမင္တဲ့စမတ္ဖုန္းတစ္ခုလို႔ ေျပာလို႔ရတဲ့အျပင္ အခုပုံစံအတိုင္းဆိုရင္ Android 10 Update ကိုပါ ႏွစ္မကုန္ခင္ရရွိလာႏိုင္ပါတယ္။

Ref – Gizmo China

Unicode 

Google ကနေ Android 10 ကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့ဆိုရင် Google Pixel စမတ်ဖုန်းတွေအတွက် စတင်ပြီး Update ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Redmi K20 Pro စမတ်ဖုန်းအတွက် Android 10 Update ကို ပေးတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Xiaomi ကနေ India နိုင်ငံမှာ Redmi K20 Pro စမတ်ဖုန်းအသုံးပြုသူတွေအတွက် Android 10 Stable Beta Program ကို စတင်ခေါ်ယူနေတာပဲဖြစ်ပါတယ်။ အခု Beta Program အတွက် Register ပြုလုပ်နိုင်မယ့်အချိန်က လာမယ့် စက်တင်ဘာလ ၈ ရက်နေ့အထိဖြစ်တဲ့အတွက် ဖြစ်နိုင်တာက လာမယ့် စက်တင်ဘာလလယ်ပိုင်းမှာ Android 10 Update ကို စတင်ရရှိမယ့်ပုံစံပါပဲ။

အခုလိုမျိုး Beta Program ကို ဝင်ရောက်တဲ့သူတွေအနေနဲ့ Android 10 ကို Special OTA Update ရရှိမှာဖြစ်ပြီးတော့ Xiaomi Official Forum ထဲမှာလည်း “Android 10 Tester” Group Access နဲ့ Android 10 Tester Medal တစ်ခုကို ရရှိမှာပါ။ ဒ့ါအပြင် Feedback အကောင်းဆုံးပြန်ပေးနိုင်တဲ့သူတွေကိုလည်း Xiaomi ရဲ့ Launch Event တွေကို တက်ရောက်ခွင့်ရရှိဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ Redmi K20 Pro စမတ်ဖုန်းဟာ ဒီနှစ်အတွက် Xiaomi ရဲ့ အောင်မြင်တဲ့စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရတဲ့အပြင် အခုပုံစံအတိုင်းဆိုရင် Android 10 Update ကိုပါ နှစ်မကုန်ခင်ရရှိလာနိုင်ပါတယ်။

Ref – Gizmo China