HMD Global က Nokia 2.3 အတွက် Android 10 Update ကို ဖြန့်ချိပေးလိုက်ပြီး နောက်ဆုံးထုတ် Android Version ရသွားတဲ့ ကုမ္ပဏီရဲ့ ၁၁ လုံးမြောက် စမတ်ဖုန်း ဖြစ်လာပါတယ်။ Update မှာ Gesture Navigation နဲ့ Smart Reply တွေ ပါလာပြီး Privacy Controls တွေ ပိုကောင်းလာပါတယ်။

HMD Global က Nokia စမတ်ဖုန်းတွေဟာ နောက်ဆုံးထုတ် Android OS ကို အမြန်ဆုံးရတယ်လို့ Counterpoint ရဲ့ စစ်တမ်းကို ကိုးကားပြီး ပြောပါတယ်။ အခုဆိုရင် Nokia 2.3 မှာ Android 10 ရပြီ ဖြစ်တဲ့အတွက် မိဘတွေက ကလေးတွေရဲ့ ဖုန်း အသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့ Family Link ကို အသုံးပြုနိုင်ပါပြီ။ Android 10 Beta Version ဖြစ်ပေမယ့် အာရုံနောက်စေတဲ့ Apps တွေကို Block လုပ်နိုင်တဲ့ Focus Mode ပါလာပါတယ်။

Update ကို Nokia 2.3 စမတ်ဖုန်းတွေအတွက် နိုင်ငံအလိုက် တစ်ဆင့်ချင်း ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ Update ရရင် သင့် စမတ်ဖုန်းမှာ Notification ရရှိမှာ ဖြစ်သလို Settings Menu ထဲမှာ သင် ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena