[Zawgyi]

Google ဟာ Android Q ျဖန႔္ခ်ိမႈကို အရွိန္အဟုန္ျမႇင့္ၿပီး ေဆာင္႐ြက္ေနတာျဖစ္တဲ့အေလ်ာက္ ၿပီးခဲ့တဲ့ရက္ကပဲ Android 10 Q Beta 3 ကို ထပ္မံျဖန႔္ခ်ိခဲ့ပါတယ္။ မၾကာခင္က က်င္းပခဲ့တဲ့ Google I/O Developer Conference မွာ Android 10 Q Beta 3 အေၾကာင္းလည္း အသိေပးခဲ့တာပါ။

လက္ရွိအခ်ိန္မွာ Beta Version ျဖစ္ေပမယ့္ လာမယ့္ Pixel device သစ္ေတြထြက္လာခ်ိန္မွာ Final version ရေအာင္ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ Android Beta ကို လက္ခံသုံးစြဲမႈက အေတာ္ေလးျမန္ဆန္ျမင့္မားေနတာကိုလည္း Google ရဲ႕ စာရင္းဇယားေတြအရ သိရွိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက P Beta Program မွာ မိတ္ဖက္အျဖစ္ အမွတ္တံဆိပ္ ၇ ခုသာ ပါဝင္ခဲ့ၿပီး Device အားျဖင့္ ၈ မ်ိဳးသာ ရွိခဲ့ပါတယ္။ P Beta Program တုန္းကေတာ့ Pixel ပထမမ်ိဳးဆက္နဲ႔ ဒုတိယမ်ိဳးဆက္ေတြလည္း ပါဝင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ကထက္ Beta Program ႏႈန္းက ျမင့္မားလာၿပီး ၂.၅ဆ ပိုလာတယ္လို႔ Google က ဆိုပါတယ္။

Android 10 Q Beta 3 ကို ရယူသုံးစြဲႏိုင္တဲ့စမတ္ဖုန္းေတြကေတာ့ Asus Zenfone 5z, Essential Phone, Huawei Mate 20 Pro, LG G8 ThinQ, Nokia 8.1, OnePlus 6T, Oppo Reno, Realme 3 Pro, Sony Xperia XZ3, Tecno Spark 3 Pro, vivo X27, vivo NEX S, vivo NEX A, Xiaomi Mi 9 နဲ႔ Xiaomi Mi Mix 3 5G တို႔ပဲ ျဖစ္ပါတယ္။ က်န္တဲ့ဖုန္းေတြကေတာ့ Pixel ဖုန္း မ်ိဳးဆက္ သုံးခုလုံး ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Android 10 Q Beta 3 ကို အမှတ်တံဆိပ် ၁၃ ခုရဲ့ စမတ်ဖုန်း ၂၁ မျိုးမှာ သုံးစွဲနိုင်ပြီ

Google ဟာ Android Q ဖြန့်ချိမှုကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အလျောက် ပြီးခဲ့တဲ့ရက်ကပဲ Android 10 Q Beta 3 ကို ထပ်မံဖြန့်ချိခဲ့ပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ Google I/O Developer Conference မှာ Android 10 Q Beta 3 အကြောင်းလည်း အသိပေးခဲ့တာပါ။

လက်ရှိအချိန်မှာ Beta Version ဖြစ်ပေမယ့် လာမယ့် Pixel device သစ်တွေထွက်လာချိန်မှာ Final version ရအောင်ကြိုးစားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Android Beta ကို လက်ခံသုံးစွဲမှုက အတော်လေးမြန်ဆန်မြင့်မားနေတာကိုလည်း Google ရဲ့ စာရင်းဇယားတွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက P Beta Program မှာ မိတ်ဖက်အဖြစ် အမှတ်တံဆိပ် ၇ ခုသာ ပါဝင်ခဲ့ပြီး Device အားဖြင့် ၈ မျိုးသာ ရှိခဲ့ပါတယ်။ P Beta Program တုန်းကတော့ Pixel ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်ကထက် Beta Program နှုန်းက မြင့်မားလာပြီး ၂.၅ဆ ပိုလာတယ်လို့ Google က ဆိုပါတယ်။

Android 10 Q Beta 3 ကို ရယူသုံးစွဲနိုင်တဲ့စမတ်ဖုန်းတွေကတော့ Asus Zenfone 5z, Essential Phone, Huawei Mate 20 Pro, LG G8 ThinQ, Nokia 8.1, OnePlus 6T, Oppo Reno, Realme 3 Pro, Sony Xperia XZ3, Tecno Spark 3 Pro, vivo X27, vivo NEX S, vivo NEX A, Xiaomi Mi 9 နဲ့ Xiaomi Mi Mix 3 5G တို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဖုန်းတွေကတော့ Pixel ဖုန်း မျိုးဆက် သုံးခုလုံး ဖြစ်ပါတယ်။

Ref: GSMArena