[Unicode]

Samsung က Galaxy S10 Series အတွက် Android 10 ကို စမ်းသပ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Beta Version တွေကို ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ဆော့ဖ်ဝဲကို စိတ်ကျေနပ်သွားပြီ ဖြစ်ပြီး Stable Version အခြေပြု One UI 2.0 ကို ဖြန့်ချိပေးလိုက်ပါပြီ။ ဂျာမနီမှာ စတင် ရရှိနေပြီ ဖြစ်ပြီး မကြာခင် တခြား နိုင်ငံတွေမှာ ရယူနိုင်တော့မယ် ထင်ပါတယ်။

Stable Version မှာ Android 10 ရဲ့ အလန်းစား လုပ်ဆောင်ချက် အားလုံး ပါလာမှာပါ။ အဲဒီထဲမှာ System-wide Dark Theme နဲ့ Gesture-based Navigation အသစ်တွေ ပါလာပြီး Location Permissions တွေကို အရင်ထက် ကောင်းစွာ စီမံထိန်းချုပ်လာနိုင်ပါတယ်။ ကုမ္ပဏီက လက်တစ်ဖက်ထဲနဲ့ ဖုန်းကို သုံးလို့ရစေဖို့ One UI Skin ကို ဆန်းသစ်ထားပါတယ်။ ဘက်ထရီ စားသုံးမှု ဇယားက ပိုအသေးစိတ်ကျလာပြီး Samsung Apps တွေ ပိုကောင်းလာပါတယ်။ ဒီဇင်ဘာလအတွက် Security Patch ထည့်ထားပါတယ်။

Beta 7 မှာထက် ပြောင်းလဲမှု နည်းနည်းပဲ ပါလာတဲ့အတွက် Beta Users တွေဟာ သေးငယ်တဲ့ 133.76MB ဖိုင်အရွယ်အစားကိုပဲ Download လုပ်ရမှာပါ။ ဂျာမနီ ဝက်ဘ်ဆိုက် mobiFlip က Android 9 Pie Stable Version သုံးနေတဲ့ သူတွေမှာလည်း Android 10 Stable Version ကို တင်လို့ရပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဖိုင်အရွယ်အစားက ကြီးမားပြီး 2GB လောက်ရှိပါတယ်။ Version Number တွေကတော့ တူညီကြပါတယ်။

သင့်ဖုန်းမှာ Update ရပြီလားဆိုတာ သိချင်ရင် Settings> Software Update မှာ စစ်ဆေးနိုင်ပါတယ်။ သင့်အတွက် Update ရပြီဆိုရင်လည်း ဖုန်းက Notification နဲ့ အသိပေးနိုင်ပါတယ်။

Ref : androidpolice

[Zawgyi]

Samsung Galaxy S10 Series အတြက္ Android 10 ရၿပီ

Samsung က Galaxy S10 Series အတြက္ Android 10 ကို စမ္းသပ္ေနၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္းမွာ Beta Version ေတြကို ျဖန္႔ခ်ိေပးခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ေဆာ့ဖ္၀ဲကို စိတ္ေက်နပ္သြားၿပီ ျဖစ္ၿပီး Stable Version အေျချပဳ One UI 2.0 ကို ျဖန္႔ခ်ိေပးလိုက္ပါၿပီ။ ဂ်ာမနီမွာ စတင္ ရရွိေနၿပီ ျဖစ္ၿပီး မၾကာခင္ တျခား ႏုိင္ငံေတြမွာ ရယူႏုိင္ေတာ့မယ္ ထင္ပါတယ္။

Stable Version မွာ Android 10 ရဲ႕ အလန္းစား လုပ္ေဆာင္ခ်က္ အားလံုး ပါလာမွာပါ။ အဲဒီထဲမွာ System-wide Dark Theme နဲ႔ Gesture-based Navigation အသစ္ေတြ ပါလာၿပီး Location Permissions ေတြကို အရင္ထက္ ေကာင္းစြာ စီမံထိန္းခ်ဳပ္လာႏုိင္ပါတယ္။ ကုမၸဏီက လက္တစ္ဖက္ထဲနဲ႔ ဖုန္းကို သံုးလို႔ရေစဖို႔ One UI Skin ကို ဆန္းသစ္ထားပါတယ္။ ဘက္ထရီ စားသံုးမႈ ဇယားက ပိုအေသးစိတ္က်လာၿပီး Samsung Apps ေတြ ပိုေကာင္းလာပါတယ္။ ဒီဇင္ဘာလအတြက္ Security Patch ထည့္ထားပါတယ္။

Beta 7 မွာထက္ ေျပာင္းလဲမႈ နည္းနည္းပဲ ပါလာတဲ့အတြက္ Beta Users ေတြဟာ ေသးငယ္တဲ့ 133.76MB ဖိုင္အရြယ္အစားကိုပဲ Download လုပ္ရမွာပါ။ ဂ်ာမနီ ၀က္ဘ္ဆိုက္ mobiFlip က Android 9 Pie Stable Version သံုးေနတဲ့ သူေတြမွာလည္း Android 10 Stable Version ကို တင္လို႔ရၿပီလို႔ ေျပာပါတယ္။ ဒါေပမယ့္ ဖိုင္အရြယ္အစားက ႀကီးမားၿပီး 2GB ေလာက္ရွိပါတယ္။ Version Number ေတြကေတာ့ တူညီၾကပါတယ္။

သင့္ဖုန္းမွာ Update ရၿပီလားဆိုတာ သိခ်င္ရင္ Settings> Software Update မွာ စစ္ေဆးႏုိင္ပါတယ္။ သင့္အတြက္ Update ရၿပီဆိုရင္လည္း ဖုန္းက Notification နဲ႔ အသိေပးႏုိင္ပါတယ္။

Ref : androidpolice