Zawgyi

Google ကေန အခုအခ်ိန္မွာ Android Major Update တစ္ခုျဖစ္တဲ့ Android 10 ကို တရားဝင္ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အခု Android 10 Update ဟာ ေလာေလာဆယ္မွာ Pixel ဖုန္းေတြနဲ႔အတူ Essential Phone နဲ႔ Redmi K20 Pro စမတ္ဖုန္းေတြမွာ အသုံးျပဳလို႔ရေနပါၿပီ။

အခု Android 10 Update နဲ႔အတူ Pixel 3a စမတ္ဖုန္းအတြက္ ႀကီးမားတဲ့ Feature Update တစ္ခုလည္း ပါဝင္လာခဲ့ပါတယ္။ ဒါကေတာ့ Pixel 3a ဖုန္းမွာ Dual SIM Dual Standby Support ရရွိလာတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pixel 3a စမတ္ဖုန္းဟာ Pixel Series စမတ္ဖုန္းေတြထဲမွာ ပထမဆုံးအေနနဲ႔ DSDS Support ျပဳလုပ္တဲ့ဖုန္းတစ္ခုျဖစ္လာပါၿပီ။

Google ရဲ႕ Pixel 2 နဲ႔ Pixel 3 စမတ္ဖုန္းေတြတုန္းကလည္း Primary Physical SIM အျပင္ eSIM ကိုပါ Support ေပးခဲ့ေပမယ့္ Dual Standby Feature ကိုေတာ့ အသုံးျပဳလို႔မရဘဲ SIM တစ္ခုသုံးေနတယ္ဆိုရင္ ေနာက္ SIM တစ္ခုကို ပိတ္ထားဖို႔လိုအပ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Pixel 3a က ေစ်းအရသက္သာသလို ဒီ Network ပိုင္းမွာလည္း ပိုအားသာသြားပါၿပီ။

အဲ့ဒီအတြက္ လက္ရွိအခ်ိန္မွာ Pixel 3a အသုံးျပဳသူေတြက ဘယ္ SIM Card ကို Call ၊ Messaging နဲ႔ Data အတြက္ အသုံးျပဳမလဲဆိုတာကို ေ႐ြးခ်ယ္ႏိုင္တဲ့ Setting ကို စတင္ျမင္ေတြ႕ရမွာျဖစ္ၿပီးေတာ့ SIM Card ၂ ခုကို တၿပိဳင္တည္း သုံးႏိုင္မွာပါ။

ဘာပဲျဖစ္ျဖစ္ အခုလို Dual SIM Dual Standby Support ရရွိလာတာက ေကာင္းမြန္တဲ့ Feature တစ္ခုျဖစ္ေပမယ့္လည္း ေနာက္ SIM တစ္ခုက eSIM ပဲ Support လုပ္ေသးတာကေတာ့ Pixel 3a ရဲ႕ အားနည္းခ်က္တစ္ခုျဖစ္လာပါတယ္။ လက္ရွိ Mid Range ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ Dual Physical SIM ကို Support ျပဳလုပ္တယ္ဆိုေပမယ့္ Pixel Series ဖုန္းေတြကေတာ့ Physical + eSIM ကိုပဲ Prefer ျဖစ္ေနေသးတဲ့ပုံစံပါပဲ။

အခုလို Pixel 3a စမတ္ဖုန္းမွာ Dual SIM Dual Standby Support ကို ရရွိလာတာက လာမယ့္ ေအာက္တိုဘာလမွမိတ္ဆက္ေတာ့မယ့္ Pixel 4 စမတ္ဖုန္းမွာပါ Dual SIM ကို Support ျပဳလုပ္လာဖို႔ အခြင့္အေရးမ်ားျပားလာပါၿပီ။

Ref – The Verge

Unicode

Google ကနေ အခုအချိန်မှာ Android Major Update တစ်ခုဖြစ်တဲ့ Android 10 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Android 10 Update ဟာ လောလောဆယ်မှာ Pixel ဖုန်းတွေနဲ့အတူ Essential Phone နဲ့ Redmi K20 Pro စမတ်ဖုန်းတွေမှာ အသုံးပြုလို့ရနေပါပြီ။

အခု Android 10 Update နဲ့အတူ Pixel 3a စမတ်ဖုန်းအတွက် ကြီးမားတဲ့ Feature Update တစ်ခုလည်း ပါဝင်လာခဲ့ပါတယ်။ ဒါကတော့ Pixel 3a ဖုန်းမှာ Dual SIM Dual Standby Support ရရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 3a စမတ်ဖုန်းဟာ Pixel Series စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ DSDS Support ပြုလုပ်တဲ့ဖုန်းတစ်ခုဖြစ်လာပါပြီ။

Google ရဲ့ Pixel 2 နဲ့ Pixel 3 စမတ်ဖုန်းတွေတုန်းကလည်း Primary Physical SIM အပြင် eSIM ကိုပါ Support ပေးခဲ့ပေမယ့် Dual Standby Feature ကိုတော့ အသုံးပြုလို့မရဘဲ SIM တစ်ခုသုံးနေတယ်ဆိုရင် နောက် SIM တစ်ခုကို ပိတ်ထားဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel 3a က စျေးအရသက်သာသလို ဒီ Network ပိုင်းမှာလည်း ပိုအားသာသွားပါပြီ။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Pixel 3a အသုံးပြုသူတွေက ဘယ် SIM Card ကို Call ၊ Messaging နဲ့ Data အတွက် အသုံးပြုမလဲဆိုတာကို ရွေးချယ်နိုင်တဲ့ Setting ကို စတင်မြင်တွေ့ရမှာဖြစ်ပြီးတော့ SIM Card ၂ ခုကို တပြိုင်တည်း သုံးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခုလို Dual SIM Dual Standby Support ရရှိလာတာက ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပေမယ့်လည်း နောက် SIM တစ်ခုက eSIM ပဲ Support လုပ်သေးတာကတော့ Pixel 3a ရဲ့ အားနည်းချက်တစ်ခုဖြစ်လာပါတယ်။ လက်ရှိ Mid Range ဖုန်းတော်တော်များများမှာ Dual Physical SIM ကို Support ပြုလုပ်တယ်ဆိုပေမယ့် Pixel Series ဖုန်းတွေကတော့ Physical + eSIM ကိုပဲ Prefer ဖြစ်နေသေးတဲ့ပုံစံပါပဲ။

အခုလို Pixel 3a စမတ်ဖုန်းမှာ Dual SIM Dual Standby Support ကို ရရှိလာတာက လာမယ့် အောက်တိုဘာလမှမိတ်ဆက်တော့မယ့် Pixel 4 စမတ်ဖုန်းမှာပါ Dual SIM ကို Support ပြုလုပ်လာဖို့ အခွင့်အရေးများပြားလာပါပြီ။

Ref – The Verge