ဖုန်းတွေအတွက် Software Update အသစ်ထွက်တိုင်း လုပ်ဆောင်ချက် အသစ်တွေနဲ့ Security Fix ရဖို့ တတ်နိုင်သလောက် မြန်မြန် တင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း တခါတလေမှာ Update စောစောတင်လို့ ဖုန်းမှာ ပြဿနာ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ အခုလည်း Xiaomi Mi A3 မှာ ဒီလို ဖြစ်နေပါတယ်။

Android 11 is rolling out to the Xiaomi Mi A3 and bricking phones left and right

အဲဒီ Android One Device အတွက် Android 11 Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး User များစွာက Update ကြောင့် ဖုန်း သုံးလို့မရဘူးလို့ ပြောနေကြပါတယ်။ ဖုန်းတွေ Brick ဖြစ်သွားတာလို့ သိရပါတယ်။ Mi A3 ကိုင်ထားသူတွေအတွက် Android 11 Update မတင်ဖို့ သတိပေးချင်ပါတယ်။ တင်လိုက်ရင်တော့ နယူးရီးယားမှာ စိတ်ပျက်စရာနဲ့ ကြုံရမှာပါ။

Mi Global Home

Xiaomi က ဒီအကြောင်းကို သိပြီး Update ပေးတာကို ရပ်နားကာ Brick ဖြစ်နေတဲ့ Mi A3 Device တွေကို ပြင်ဆင်ပေးဖို့ မြန်မြန် ပြုလုပ်ပေးမယ်လို့ ထင်ပါတယ်။ Xiaomi ဟာ Android One Device တွေအတွက် Software Update မြန်မြန် ထုတ်ပေးရာမှာ နာမည်ကြီးပါတယ်။ အခု ပြဿနာကိုလည်း Xiaomi က မြန်မြန် ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

Ref : gsmarena