Google ဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက Android 11 Update ကို Public Beta အနေနဲ့ Pixel ဖုန်းတွေအပြင် တချို့သောစမတ်ဖုန်းတွေအတွက်ပါ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google Pixel ဖုန်းအသုံးပြုသူတွေအနေနဲ့ Android 11 Update ကို Stable Version အနေနဲ့ ရရှိနေပြီဖြစ်ပါတယ်။

 

အဆိုပါ Android 11 Stable Update ဟာ Pixel 2 ၊ Pixel 3 နဲ့ Pixel 4 Series ဖုန်းတွေအကုန်လုံးအတွက် ရရှိလာတာဖြစ်ပါတယ်။ Pixel 2 Series ဖုန်းတွေအတွက်ကတော့ ယခု Update ဟာ နောက်ဆုံး Major OS Update ဖြစ်ပေမယ့် ကျန်တဲ့ဖုန်းတွေအနေနဲ့ကတော့ လာမယ့် Android 12 Update ကိုပါ ရရှိဦးမှာဖြစ်ပါတယ်။

Android 11 Update ဟာ Visual ပိုင်းပြောင်းလဲမှုနည်းပါးပေမယ့် Notification ၊ Privacy နဲ့ Media Control ပိုင်းကို အဓိကပြင်ဆင်လာမှာဖြစ်ပါတယ်။ Incoming Messages တွေကို Conversation အနေနဲ့ Notification မှာ မြင်တွေ့ရမှာဖြစ်သလို Chat Bubble အနေနဲ့ပါ အသုံးပြုနိုင်မှာပါ။ Privacy ပိုင်းမှာလည်း Always Allowed ပြုလုပ်နိုင်တဲ့ Option ကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

ကျန်တဲ့ Media Control ပိုင်းမှာလည်း ပုံစံပြောင်းလဲသွားပြီး Notification ရဲ့ Quick Access Icon တွေနေရာမှာရှိနေမှာဖြစ်ပါတယ်။ Power Menu မှာလည်း Google Home Device တွေနဲ့ Google Pay ကို အလွယ်အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတာကိုလည်းတွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Android 11 ဟာ လက်ရှိအချိန်မှာ Pixel ဖုန်းတွေအတွက်ပဲ Stable Update ထွက်ရှိနေသေးတာဖြစ်ပြီး ကျန်တဲ့စမတ်ဖုန်းတွေအနေနဲ့ကတော့ မကြာခင်မှာ Update ရရှိလာဖွယ်ရှိနေပါတယ်။

Ref – GSM Arena