Google ဟာ အခုအချိန်မှာ Android 12 ကို မိတ်ဆက်ထားပြီးဖြစ်သလို Public Beta ကိုလည်း Version 2 အထိ Update ပြုလုပ်ထားပြီးဖြစ်ပါတယ်။ Android 12 ဟာ Privacy Feature ပိုင်းကို အဓိကအာရုံစိုက်ထားသလို Visual ပိုင်းမှာလည်း ယခင်ထက် သိသိသာသာကို ပြောင်းလဲထားတာဖြစ်ပါတယ်။

အခုလည်း Android Engineering Team ရဲ့ VP အဖြစ်တာဝန်ယူထားတဲ့ Dave Burke ကနေ Android 12 Beta ဟာ လက်ရှိအချိန်အထိ Download ပြုလုပ်မှုအများဆုံး Beta ဖြစ်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခင် Android 10 နဲ့ Android 11 Beta တွေနဲ့ ယှဥ်မယ်ဆိုရင် ဘယ်လောက်အထိ Download ပြုလုပ်သူပိုများလာသလဲနဲ့ Download ပြုလုပ်သူအရေအတွက် ဘယ်လောက်ရှိလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Android 12 ဟာ Visual Design ပိုင်းမှာ Material You နာမည်နဲ့ လုံးဝအသစ်ပြောင်းလဲထားခဲ့တာဖြစ်ပြီး ကိုယ်အသုံးပြုတဲ့ Wallpaper ပေါ်မှုတည်ပြီးတော့ System Accent နဲ့ Font Color တွေကို အလိုအလျောက်ပြောင်းလဲပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Lock Screen Design ၊ Notification Design နဲ့ Quick Setting တွေကိုလည်း ယခင်ထက် အသုံးပြုရတာ လွယ်ကူအောင် ပြုလုပ်ပေးထားတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး Visual Design ပြောင်းလဲမှုတွေကြောင့် အသုံးပြုသူများပြားလာတယ်လို့လည်း ယူဆရပါတယ်။

Google ဟာ Android 12 Beta 3 ကို လာမယ့် သြဂုတ်လမှာ ထုတ်ပေးသွားမှာဖြစ်ပြီး နောက်ဆုံး Stable Update ကိုတော့ လာမယ့် စက်တင်ဘာလနောက်ပိုင်းမှာ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခု Timeline ဟာ Google Pixel စမတ်ဖုန်းတွေအတွက်ပဲဖြစ်တဲ့အတွက် ကျန်တဲ့စမတ်ဖုန်းတွေအနေနဲ့ကတော့ ယခုနှစ်ကုန်ဝန်းကျင်မှပဲ အစောဆုံးရရှိလာနိုင်ပါတယ်။

Ref – GSM Arena