Google ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Android 12 ကို AOSP အနေနဲ့ တရားဝင်မိတ်ဆက်ခဲ့ပေမယ့် Pixel ဖုန်းတွေအတွက်တော့ တရားဝင်ထုတ်ပေးခဲ့ခြင်းမရှိပါဘူး။ အခုအချိန်မှာတော့ Pixel 6 Series ဖုန်းတွေကို မိတ်ဆက်လိုက်တာနဲ့အတူ Android 12 ကိုပါ Pixel ဖုန်းတွေအတွက် Stable Version အနေနဲ့ Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Android 12 Stable Update ကို လောလောဆယ်အနေနဲ့ Google Pixel 3 နှင့်အထက် Pixel ဖုန်းတွေအကုန်လုံး Update ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Pixel ဖုန်းအသုံးပြုသူတွေအနေနဲ့ Settings – System Update ကနေတစ်ဆင့် Update ပြုလုပ်နိုင်သလို ကွန်ပျူတာကို အသုံးပြုပြီး Update တင်ဖို့အတွက်လည်း Factory Image တွေကို Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တကယ်လို့ Android 12 ကို Beta Version အသုံးပြုနေတဲ့သူတွေအနေနဲ့လည်း Android 12 Stable Update ရရှိမှာဖြစ်ပြီး Update ပြုလုပ်ပြီးတာနဲ့ Beta Program ကနေလည်း ထွက်ပြီးသားဖြစ်သွားမှာပါ။ Android 11 ကနေ Update ပြုလုပ်မယ်ဆိုရင်တော့ 1.5GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။

Android 12 ဟာ ပြောင်းလဲမှုတွေအများအပြားပြုလုပ်ထားတာဖြစ်ပြီး အထူးသဖြင့် UI ပိုင်းမှာ Material You ဆိုပြီး အဓိကပြောင်းလဲထားတာဖြစ်ပါတယ်။ အဆိုပါ Material You ဟာ Wallpaper အပေါ်မူတည်ပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံးအရောင်တွေကို ပြောင်းလဲပေးမှာဖြစ်တာကြောင့် လုံးဝကို ထူးခြားပြီး ကွဲထွက်နေစေမှာဖြစ်ပါတယ်။ တခြားသော Security ပိုင်း Feature တွေလည်း အများအပြားပါဝင်လာဦးမှာဖြစ်ပါတယ်။

Ref – GSM Arena