Samsung ဟာ Android 12 အခြေပြု One UI 4 ကို စတင် ဖြန့်ချိပေးနေပါပြီ။ အရင်ဆုံး Galaxy S21 Series နဲ့ နောက်ဆုံးထုတ် Foldable စမတ်ဖုန်းတွေအတွက် ဖြန့်ချိပေးခဲ့ပြီး အဲဒီနောက်မှာ Galaxy S20 နဲ့ Note20 Series တွေမှာ ရခဲ့ပါတယ်။ အခုဆိုရင် Galaxy S10 Series တွေမှာတောင် ရခဲ့ပြီ ဖြစ်ပါတယ်။

Samsung Galaxy Tab S7 and Tab S7+ pop up on Google Play Console, new images  appear - GSMArena.com news

အခုတော့ တက်ဘလက်တွေအလှည့်ရောက်လာပါပြီ။ ဥရောပမှာ Android 12 အခြေပြု One UI 4 ကို Galaxy Tab S7 နဲ့ S7+ မှာ ရပြီ ဖြစ်ပြီး အတိအကျ ပြောရရင် Austria, the Baltics, Bulgaria, Czechia, Germany, Greece, Hungary, Italy, Luxembourg, the Netherlands, the Nordics, Poland, Portugal, Romania, Slovakia, Slovenia, Southeast Europe, Spain, Switzerland နဲ့ UK တို့ ဖြစ်ပါတယ်။

Samsung Galaxy Tab S7 & S7+ | Samsung Levant

Samsung ဟာ Software Update တွေကို နိုင်ငံအနည်းငယ်မှာ အရင်ဆုံး ဖြန့်ချိပေးပြီး နောက်ပိုင်းကျမှ နိုင်ငံတော်တော်များများကို ဖြန့်ချိပေးလေ့ရှိပါတယ်။ အခုလိုမျိုး နိုင်ငံတော်တော်များများမှာ တစ်ပြိုင်နက် ဖြန့်ချိပေးတာ တော်တော် ရှားပါတယ်။

Samsung Galaxy Tab S7 နဲ့ S7+ အတွက် Android 12 အခြေပြု One UI 4 ကို တခြားနိုင်ငံတွေမှာ မကြာခင် ရရှိတော့မယ်လို့ ထင်ရပါတယ်။ အထက်ဖော်ပြပါ နိုင်ငံတွေက Samsung Galaxy Tab S7 နဲ့ S7+ ပိုင်ရှင်တွေဟာ Settings> Software Update ထဲမှာ Install ပြုလုပ်နိုင်ပါပြီ။

Ref : gsmarena