ဖေဖော်ဝါရီနဲ့ မတ်လတွေမှာထုတ်ပြန်ခဲ့တဲ့ Developer Previews နှစ်ခုပြီးတဲ့နောက် Google ဟာ ပထမဆုံးသော Android 13 beta ကို Public testing စတင်ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ Android beta ဟာ Developer Previews ထည့်သွင်းအသုံးပြုတာထက် ပိုပြီးလွယ်ကူပါတယ်။

ဒီဇိုင်းပိုင်းကတော့ အခုအချိန်မှာ ကြီးမားပြီး၊ အံ့အားသင့်စရာတွေ တွေ့မြင်ရဦးမယ်လို့ မမျှော်လင့်ထားသင့်သေးပါဘူး။ အကြောင်းရင်းက ဒါဟာ ပထမဆုံး စမ်းသပ်ဗားရှင်းဖြစ်သလို ဒီနှစ်နှောင်းပိုင်းမှ နောက်ဆုံး Final version ထုတ်ဖို့ စီစဉ်ထားတဲ့ Software လေးခုထဲက ပထမဆုံးဖြစ်တာကြောင့်ပါ။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ Issue တွေကို တွေ့ကြုံရဦးမှာ သေချာပါတယ်။

အကယ်၍ အသုံးပြုသူဟာ Android 13 Beta 1 ကို စမ်းသုံးကြည့်ဖို့ ပံ့ပိုးပေးထားတဲ့ Google Pixel စမတ်ဖုန်းရှိမယ်ဆိုရင် Android Beta Program website ကိုသွားပြီး Device ကို Enroll ပြုလုပ်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ မိနစ်အနည်းငယ်ကနေ နာရီအနည်းငယ်ကြာမြင့်သွားပြီးရင် Android 13 Beta 1 software update ကို ရရှိမှာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ Beta တည်ဆောက်မှုတွေကို ပုံမှန် Software update တွေလိုပဲ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါဟာ စားရန်အသင့်ဖြစ်နေတဲ့ ပေါင်မုန့်တွေကို မီးဖိုထဲက တစ်ခုချင်းတစ်ခုချင်း ထုတ်ယူရသလိုပဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ Android 13 final version ထွက်လာပါလိမ့်မယ်။ ဒါကြောင့် Android 13 ရဲ့ အကောင်းဆုံးအရသာကို တဖြည်းဖြည်းချင်းသာ စားသုံးရမယ်လို့ ဆိုနိုင်ပါတယ်။

Android 13 Beta 1 မှာ မီဒီယာဖိုင်တွေကို အသေးစိတ်ဝင်ရောက်ခွင့်နဲ့ ပိုပြီးကောင်းမွန်တဲ့အသံထွက် API တွေအတွက် ခွင့်ပြုချက်အသစ် ရရှိပါမယ်။ ဖုန်းပေါ်ကမီဒီယာကိုဝင်ရောက်အသုံးပြုလိုတဲ့ Apps တွေက သူတို့ဝင်ရောက်လိုတဲ့ ဖိုင်အမျိုးအစားအတွက် သီးခြားခွင့်ပြုချက်သုံးမျိုးရှိပါလိမ့်မယ်။ ပုံတွေနဲ့ ဓါတ်ပုံတွေအတွက်တစ်ခု၊ ဗီဒီယိုတွေအတွက်တစ်ခုနဲ့ အသံဖိုင်အတွက်က တစ်ခုဖြစ်ပါတယ်။

လာမဲ့လ Google I/O developer conference မှာ ကုမ္ပဏီဟာ Android 13 နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို စွမ်းဆောင်ချက်အသစ်တွေနဲ့အတူမျှဝေမှာဖြစ်ပါတယ်။ အသစ်ထွက်လာမဲ့အရတွေကိုပြသဖို့အတွက် ဒုတိယမြောက် Beta ကို အဆိုပါအချိန်မှာမျှော်လင့်နိုင်ပါတယ်။

Ref: GSM Arena