iOS မှာ ဘက်ထရီ ကျန်းမာရေး လုပ်ဆောင်ချက် ပါပေမယ့် Android မှာတော့ မရှိသေးပါဘူး။ ဒါပေမယ့် Android 14 Final Version မှာ ဘက်ထရီ ကျန်းမာရေး လုပ်ဆောင်ချက်ပါလာနိုင်ပါတယ်။
XDA-Developer ရဲ့ Mishaal Rahman က Google က Android 14 Beta မှာ BatteryManager APIs အသစ်တချို ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၂ ခုဟာ Cycle Count နဲ့ အားသွင်း အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြသပေးတဲ့ Public APIs တွေ ဖြစ်ပြီး ကျန်တာတွေက Device ထုတ်လုပ်တဲ့ ရက်စွဲ၊ ပထမဆုံး အသုံးပြုတဲ့ ရက်စွဲ၊ အားသွင်း မူဝါဒနဲ့ ကျန်းမာရေး အခြေအနေကို ပြသပေးပါတယ်။
Rahman က BATTERY_STATS Permission ပါတဲ့ App တိုင်းက အဲဒီ System APIs တွေကို တောင်းခံနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Android 14 Beta 2 ထည့်ထားတဲ့ Pixel Device တွေမှာပဲ ရပါသေးတယ်။ Developer Narek က စမတ်ဖုန်းရဲ့ ဘက်ထရီ ကျန်းမာရေးနဲ့ Charge Cycle တွေကို ပြသပေးတဲ့ အဲဒီ APIs အသစ်တွေကို အသုံးပြုထားတဲ့ Batt အမည်ရ App ၁ ခုကို ဖန်တီးထားပြီး Android 14 ထည့်ထားတဲ့ Device တွေမှာ စမ်းသပ် အသုံးပြုနိုင်ပါတယ်။ Batt ကို ဒီလင့် ကနေ ရယူနိုင်ပါတယ်။
Google ကသာ Stable Android 14 မှာ ဘက်ထရီ ကျန်းမာရေး လုပ်ဆောင်ချက်ကို ထည့်သွင်းပေးမယ်ဆိုရင် သင့် Device ရဲ့ ဘက်ထရီ ကျန်းမာရေး အခြေအနေကို စစ်ဆေးဖို့ Batt လို App တွေကို မှီခိုစရာ မလိုတော့ပါဘူး။
Ref : gsmarena