Google ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက Android 13 OS ကို မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာ စမတ်ဖုန်းအများအပြားအသုံးပြုနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ယခုနှစ်အတွက် Android OS အသစ်ဖြစ်တဲ့ Android 14 OS ကို စတင်မိတ်ဆက်လိုက်ပါပြီ။​

လောလောဆယ်ထွက်ရှိလာတဲ့ Android 14 OS ဟာ Developer Preview 1 အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး လုံးဝအစောပိုင်းအခြေအနေမှာပဲရှိသေးတာကြောင့် စတင်စမ်းသပ်ချင်သူ Developer တွေအတွက် ရည်ရွယ်ထားပြီး နေ့စဥ်ပုံမှန်အသုံးပြုနိုင်လောက်တဲ့အထိ တည်ငြိမ်မှုမရှိသေးဘူးဖြစ်ပါတယ်။

Android 14 OS ရဲ့ အဓိကပြောင်းလဲမှုအနေနဲ့ NASA Logo ပုံစံပြောင်းလဲထားတဲ့ Logo အသစ်ကို စတင်တွေ့ရှိလာရတာပဲဖြစ်ပါတယ်။ တခြားသော Feature ပိုင်းနဲ့ UI ပိုင်းတွေမှာ ပြောင်းလဲမှုနည်းပါးပြီး Google က Android 14 ဟာ Background Optimization နဲ့ Battery life ပိုင်းကို ဦးစားပေးထားမယ်လို့ သိရပါတယ်။

ဒါ့အပြင် Android 14 ဟာ လက်ရှိ Android 12L နဲ့ Android 13 တွေထက် ပိုပြီး Tablet နဲ့ Foldable Device တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် Screen Size ကြီးမားတဲ့ Device တွေမှာ ပိုပြီး အဆင်ပြေစွာအသုံးပြုနိုင်မှာပါ။

နောက်ထပ်ပြောင်းလဲမှုတစ်ခုက Non-linear Font Scaling Feature ပါဝင်မှာဖြစ်ပြီး User တွေအနေနဲ့ System Font တွေကို 200% အထိ Scaling ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Material You ကို အခြေခံထားတဲ့ Personalization Option အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Android 14 ရဲ့ နောက်ထပ် Developer Preview 2 ကို လာမယ့် မတ်လအတွင်းမှာထုတ်ပေးသွားမှာဖြစ်ပြီး Beta Version ကို ဧပြီလ နဲ့ Stable OS Update ကို သြဂုတ်လနောက်ပိုင်းမှာထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena