လာမယ့်မေလ ၁၀ ရက်နေ့မှာ ကျင်းပသွားမယ့် Google I/O Event မှာ Pixel ဖုန်းအသစ်တွေအပြင် Android 14 OS ကိုလည်း တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Android 14 OS ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက Developer Preview အနေနဲ့ ထွက်ရှိထားပေမယ့် အခုလအစောပိုင်းကမှ ပထမဆုံး Beta Version ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Google Pixel ဖုန်းတွေဟာ လောလောဆယ်မှာ Beta Version ကို အသုံးပြုနိုင်သလို Google I/O Event အပြီးမှာလည်း Google Pixel အပြင် တခြားသော စမတ်ဖုန်းကုမ္ပဏီတွေကလည်း Public Beta ကို ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။ အဆိုပါ Android 14 Beta ကို ရရှိနိုင်မယ့် စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Xiaomi လည်းအပါအဝင်ဖြစ်ပါတယ်။

အခုနောက်ဆုံးပေါက်ကြားလာတဲ့ MIUI Codebase တစ်ခုအရ Xiaomi ဟာ လက်ရှိအချိန်မှာ Device ၄ မျိုးအတွက် Android 14 Beta Build တွေကို စတင်စမ်းသပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Device တွေကတော့ Xiaomi 13 ၊​ Xiaomi 13 Pro စမတ်ဖုန်းတွေအပြင် Xiaomi Pad 6 နဲ့ Xiaomi Pad 6 Pro Tablet တွေပဲဖြစ်ပါတယ်။

Xiaomi ဟာ အဆိုပါ Device တွေအတွက် Android 14 Build ကို လွန်ခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ထဲက စမ်းသပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ လူတိုင်းအသုံးပြုခွင့်ပေးထားခြင်းမရှိသေးဘဲ Google I/O Event ပြီးမှ ထုတ်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။​

တကယ်လို့ Stable Update ကိုပဲ စောင့်ဆိုင်းချင်တယ်ဆိုရင် Google ဟာ Android 14 Stable Update ကို လာမယ့် သြဂုတ်လမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်​။ ဒါပေမယ့် တချို့သော စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ အချိန်အနည်းငယ်ထပ်မံစောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref – Gizmo China