[Zawgyi]

Android 9.0 Pie အတြက္ ေစာင့္ဆိုင္းေနၾကတဲ့ စမတ္ဖုန္းေတြထဲကမွ Xiaomi Mi A1 အတြက္ Update ရယူႏိုင္ၿပီလို႔ သိရပါတယ္။ ဒါဟာ အဓိ Major OS လို႔ဆိုရမွာပါ။ ဒါ့အျပင္ A1 မွာ မပါဝင္ေသးတဲ့ FM Radio အတြက္ ေထာက္ပံ့မႈလည္း ပါဝင္လာတယ္လို႔ သိရပါတယ္။

FM radio ဟာ Mi A1 ေတြအတြက္ Nougat မွာေရာ Oreo မွာပါ မရခဲ့ပါဘူး။ အခုေတာ့ Android 9.0 Pie မွာ ရရွိမွာ ျဖစ္ပါတယ္။ Firmware ရဲ႕ ဆိုဒ္ကေတာ့ 1074MB ရွိတယ္လို႔ သိရပါတယ္။ Update ရဲ႕ Changelog ကေတာ့ FM Radio အျပင္ ဘက္ထရီနဲ႔ အလင္းေတာက္ပမႈဆိုင္ရာ ခ်ိန္ညႇိျခင္းေတြ၊ Navigation ေတြ နဲ႔ အျခားလိုအပ္ခ်က္ေတြ ပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Update ဟာ Bangladesh က အသုံးျပဳသူတစ္ေယာက္ဆီက ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါေၾကာင့္ သိပ္မၾကာခင္အခ်ိန္အေတာအတြင္း အျခားေဒသေတြမွာလည္း Update ကို ထုတ္လႊတ္ေပးလိမ့္မယ္လို႔ ယူဆရပါတယ္။ Mi A2 အတြက္ Stable Update ကေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကတည္းက ရခဲ့ၿပီးသား ျဖစ္ပါတယ္။

Mi A1 ဟာ ၂၀၁၇ စက္တင္ဘာလကတည္းက ေဈးကြက္ထဲကို ေရာက္ရွိေနတာျဖစ္ပါတယ္။ အသုံးျပဳထားတဲ့ OS က Android 7.1.2 (Nougat) ရွိသလို၊ Android 8.0 (Oreo) ကို Update လုပ္ၿပီးသားလည္း ရွိပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုတစ္ေခါက္ Update က Mi A1 ေတြအတြက္ ပိုၿပီးေကာင္းမြန္တဲ့ အသုံးျပဳမႈေတြကို သယ္ေဆာင္လာေပးမွာတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSMarena

 

[Unicode]

Android 9.0 Pie အတွက် စောင့်ဆိုင်းနေကြတဲ့ စမတ်ဖုန်းတွေထဲကမှ Xiaomi Mi A1 အတွက် Update ရယူနိုင်ပြီလို့ သိရပါတယ်။ ဒါဟာ အဓိ Major OS လို့ဆိုရမှာပါ။ ဒါ့အပြင် A1 မှာ မပါဝင်သေးတဲ့ FM Radio အတွက် ထောက်ပံ့မှုလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

FM radio ဟာ Mi A1 တွေအတွက် Nougat မှာရော Oreo မှာပါ မရခဲ့ပါဘူး။ အခုတော့ Android 9.0 Pie မှာ ရရှိမှာ ဖြစ်ပါတယ်။ Firmware ရဲ့ ဆိုဒ်ကတော့ 1074MB ရှိတယ်လို့ သိရပါတယ်။ Update ရဲ့ Changelog ကတော့ FM Radio အပြင် ဘက်ထရီနဲ့ အလင်းတောက်ပမှုဆိုင်ရာ ချိန်ညှိခြင်းတွေ၊ Navigation တွေ နဲ့ အခြားလိုအပ်ချက်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ Update ဟာ Bangladesh က အသုံးပြုသူတစ်ယောက်ဆီက ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင်အချိန်အတောအတွင်း အခြားဒေသတွေမှာလည်း Update ကို ထုတ်လွှတ်ပေးလိမ့်မယ်လို့ ယူဆရပါတယ်။ Mi A2 အတွက် Stable Update ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ရခဲ့ပြီးသား ဖြစ်ပါတယ်။

Mi A1 ဟာ ၂၀၁၇ စက်တင်ဘာလကတည်းက ဈေးကွက်ထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ OS က Android 7.1.2 (Nougat) ရှိသလို၊ Android 8.0 (Oreo) ကို Update လုပ်ပြီးသားလည်း ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုတစ်ခေါက် Update က Mi A1 တွေအတွက် ပိုပြီးကောင်းမွန်တဲ့ အသုံးပြုမှုတွေကို သယ်ဆောင်လာပေးမှာတယ်လို့ မျှော်လင့်ရပါတယ်။

 

Ref: GSMarena