Windows 11 မှာ ပါလာတဲ့ အမိုက်စား လုပ်ဆောင်ချက် ၁ ခုက Android App တွေ သုံးလို့ရတာပါ။ ဒါပေမယ့် Windows 11 Stable Version ထွက်လာချိန်မှာ အဲဒီ လုပ်ဆောင်ချက် မပါလာပါဘူး။ အခုတော့ Windows Insiders တွေအတွက် အဲဒီ လုပ်ဆောင်ချက်ကို ဖြန့်ချိပေးလိုက်ပါပြီ။

Microsoft delays Android app support for Windows 11

Microsoft က Intel, AMD နဲ့ Qualcomm တို့ရဲ့ Compatible Device တွေကနေ အမေရိကန်က Beta Channel User တွေဟာ Android App တွေကို စမ်းသပ် သုံးနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Beta Channel User တွေဟာ Microsoft Store အသစ်ကို သွားရင် Amazon App Store ကို တွေ့ရမှာ ဖြစ်ပြီး  Android App နဲ့ ဂိမ်းတွေကို Windows 11 Computer မှာ Download လုပ်နိုင်ပါတယ်။

Android app support rolls out to Windows 11 Insiders | Windows Central

Microsoft က App တွေကို ဘေးချင်းယှဉ်ကာ အသုံးပြုနိုင်ပြီး Start Menu or Taskbar မှာ Pin လုပ်နိုင်တယ်လို့ ပြောပါတယ်။ Android App တွေကို Mouse , Stylus , Touch Input တို့နဲ့ အသုံးပြုနိုင်ပြီး Alt+Tab နဲ့ Task View ကို သုံးကာ Android App နဲ့ Windows App တွေကို ပြောင်းလဲနိုင်ပါတယ်။

Android App တွေရဲ့ Notification တွေကို Action Center မှာ ပြသထားပြီး Clipboard ကို Windows App နဲ့ Android App ကြားမှာ မျှဝေနိုင်ပါတယ်။ Microsoft က Windows Accessibility Settings များစွာဟာ Android App တွေမှာ အကျိုးသက်ရောက်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ Lords Mobile, June’s Journey နဲ့ Coin Master တို့လို နာမည်ကြီး ဂိမ်းတွေနဲ့ Khan Academy Kids နဲ့ Lego Duplo World တို့လို ကလေး ပညာသင်ကြားရေး App တွေအပါအဝင် App ပေါင်း ၅၀ ကို အသုံးပြုနိုင်ပါတယ်။ Kindle နဲ့ Comics App တွေကိုလည်း တင်ပေးထားပါတယ်။

Ref : gizmochina