Windows 11 ရဲ့ အမိုက်ဆုံး လုပ်ဆောင်ချက် ၁ ခုက Android App တွေကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဒီလို အသုံးပြုလို့ရဖို့အတွက် Windows Store ကနေ Amazon App Store ကို အင်စတောလုပ်ထားရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ Intel Bridge ရဲ့ လုပ်ငန်းတာဝန်အပိုင်းရောက်လာပါပြီ။ Intel ရဲ့ Run-time Post Compiler က Non-X86 App တွေကို အဲဒီ Architecture မှာ Run နိုင်အောင်ပြုလုပ်ပေးပါတယ်။ Intel ရဲ့ ဟာ့ဒ်ဝဲတွေမှာပဲ အဲဒီ Compiler က အလုပ်လုပ်တာလား ဆိုတာ အစောပိုင်းက မသိခဲ့ရပါဘူး။ အခုတော့ အဲဒီ မေးခွန်းအတွက် အဖြေရှိလာပါပြီ။

Intel Bridge ဟာ AMC Platforms အပါအဝင် x86 Platform အားလုံးကို ထောက်ပံ့တယ်လို့ Intel က The Verge ကို အတည်ပြုလိုက်ပါတယ်။

အဲဒီအတွက် Android App တွေဟာ Intel 10th Gen နဲ့ 11th Gen Processor တွေမှာသာမက AMD Processor တွေမှာလည်း အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Android App တွေဟာ ARM ဟာ့ဒ်ဝဲတွေမှာလည်း အသုံးပြုနိုင်မယ်လို့ ယူဆရပေမယ့် Microsoft က အဲဒီသတင်းအချက်အလက်တွေကို မပြောသေးပါဘူး။

Windows 11 မှာ Visual ကို များစွာ ဆန်းသစ်ထားပြီး Start Menu အသစ်၊ Snap Layouts for Windows အသစ်တွေ ပါလာပါတယ်။ Windows 11 ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမှာပါ။

Ref : gsmarena