ဘယ်လို စမတ်ဖုန်းကိုပဲဖြစ်ဖြစ် အသုံးပြုနေပါစေ၊ စမတ်ဖုန်းအသုံးပြုနေပြီဆိုထဲက အားကုန်သွားရင် Battery အားပြန်သွင်းရတာက အချိန်တစ်ခုပေးနေရတုန်းပါပဲ။ ဖုန်းဝယ်ထဲက Battery mAh ပိုများတာကိုရွေးဝယ်ထားတယ်ဆိုရင် Battery က ပိုခံမှာပေမယ့် အားပြန်သွင်းတဲ့အချိန်ကလည်း ပိုပေးရတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်စမတ်ဖုန်းကို Battery ပိုပြီး ကြာကြာခံအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

Wallpaper အမည်းရောင်ကိုပဲ အသုံးပြုပါ။

Samsung နဲ့ အခုနောက်ပိုင်း စမတ်ဖုန်းအချို့မှာ AMOLED Display တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး AMOLED Display ကို အသုံးပြုလာတာက Battery ကို ပိုပြီး ကြာရှည်ခံအောင် အလွယ်တကူပြုလုပ်လို့ရတဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ AMOLED Display တွေဟာ အမည်းရောင်ကို အလင်းမပေးတဲ့အတွက် Wallpaper အမည်း၊ Theme အမည်းရောင် သုံးလိုက်တာနဲ့ Battery ကို ချွေတာပြီးသားဖြစ်သွားပါပြီ။

 Applications တွေကို အမြဲ Update ပြုလုပ်နေပါ။

Android Application တွေပဲဖြစ်ဖြစ်၊ iOS App တွေပဲဖြစ်ဖြစ် အမြဲတမ်း ၁ လကို ၁ ကြိမ်လောက်တော့ Update ပေးတတ်ကြပါတယ်။ များသောအားဖြင့် Update တွေဟာ Error Fix တွေနဲ့ Optimization ပိုကောင်းအောင် လုပ်ပေးတာဖြစ်တဲ့အတွက် ကိုယ့်မှာ ရှိတဲ့ Application တွေက Update မလုပ်တာအရမ်းကြာသွားပြီဆိုရင် ဖုန်းကိုပါ Battery ပိုစားလာစေမှာဖြစ်ပါတယ်။

“Lite” version Application တွေကို အသုံးပြုပါ။

Facebook ၊ Messenger လို Social Application တွေက Features အသစ်တွေ အမြဲတမ်းထည့်သွင်းနေတဲ့အတွက် ဖုန်းကို ပိုပြီး အလုပ်ပေးသလို ဖုန်းရဲ့ Battery ကိုလည်း ပိုစားစေပါတယ်။ အဲ့ဒီအတွက်ကိုယ်ကလည်း အဲ့ဒီ Features အသစ်တွေကို မလိုအပ်ရင် Facebook Lite, Messenger Lite, Twitter Lite အစရှိတဲ့ Lite Version App တွေကို သုံးတာက Battery ကို သိသိသာသာချွေတာနိုင်မှာပါ။

Greenify App ကို အသုံးပြုပါ။

Greenify Application ဟာ Android ဖုန်းမှာရှိတဲ့ နောက်ကွယ်မှာ Run နေတဲ့ Services တွေကို မလိုအပ်ရင် ရပ်ဆိုင်းပေးတဲ့ Application တစ်ခုဖြစ်ပြီး တကယ်လို့ ကိုယ့်ဖုန်းမှာ Background App တွေက Battery စားသုံးမှုများပြားနေတယ်ထင်ရင် သုံးသင့်တဲ့ Application တစ်ခုပါ။

Auto Brightness နဲ့ မသုံးပါနဲ့

လူအများစုက ဖုန်းကို ဝယ်ယူတဲ့အချိန်မှာ Brightness ကို Auto အနေနဲ့ပဲထားပြီး သုံးတတ်ကြပါတယ်။ အဲ့ဒါက အဆင်ပြေတယ်ဆိုပေမယ့် တကယ်တမ်း Battery ကို ပိုပြီးချွေတာချင်တယ်ဆိုရင်တော့ ကိုယ့်အတွက်အဆင်ပြေတဲ့ Brightness Level တစ်ခုပဲထားပြီး Auto Brightness ကို ပိတ်ထားတာက ပိုပြီးကြာရှည်ခံတဲ့ Battery Life ကိုရရှိမှာပါ။

Touch on Vibrate ကို ပိတ်ထားပါ။

Android ဖုန်းတွေမှာ Screen ကို Touch လုပ်လိုက်တာနဲ့ Vibrate ဖြစ်တဲ့ Function ပါဝင်ပါတယ်။ လူအများစုက အဲ့ဒီ Function ကို သဘောကျပေမယ့် Touch တစ်ချက်နှိပ်လိုက်တိုင်း Vibration Motor ကို အလုပ်ပေးနေတာဖြစ်တဲ့အတွက် Battery ကို ပိုကုန်စေတဲ့အချက်တစ်ခုပါ။