[Zawgyi]

Google ဟာ Android Q မွာ ၂၀၁၁ ခုႏွစ္တုန္းကတည္းက မိတ္ဆက္ထားတဲ့ Android Beam ကို ျဖဳတ္ခ်ခဲ့ပါတယ္။ ဒီေတာ့ Google ရဲ႕ ဖိုင္ေတြမွ်ေဝေပးမယ့္ Feature သစ္က ဘာျဖစ္မလဲဆိုတာကို ေမးခြန္းထုတ္ခဲ့ၾကရပါတယ္။ အခုေတာ့ ဒီေမးခြန္းအတြက္ အေျဖထြက္လာၿပီလို႔ ဆိုရမွာပါ။ Google ကစမ္းသပ္လိုက္တဲ့ Fast Share လို႔ ယူဆရပါတယ္။

9To5Google မွာ ေတြ႕ျမင္ရတဲ့ ေဖာ္ျပခ်က္အရ Android Q Beta မွာပါလာမယ့္ Fast Share ဟာ Apple ရဲ႕ AirDrop နဲ႔ ခပ္ဆင္ဆင္တူတယ္လို႔ ဆိုရပါလိမ့္မယ္။ ဒါ့အျပင္ Fast Share ဟာ Android Beam ရဲ႕ မွ်ေဝပို႔ေဆာင္ႏႈန္းထက္ ပိုၿပီး ျမန္ဆန္လာမယ့္အျပင္၊ ဖိုင္ေတြသာမက၊ URL, Text ေတြလည္း မွ်ေဝႏိုင္မယ္လို႔လည္း သိရပါတယ္။

AirDrop ဟာ Bluetooth နဲ႔ Wi-Fi ကို ေပါင္းစပ္အသုံးျပဳၿပီး မွ်ေဝတာေၾကာင့္ ျမန္ဆန္တာျဖစ္ပါတယ္။ Android Beam တုန္းကေတာ့ NFC အေျခခံစနစ္ကို သုံးတာေၾကာင့္ Device ႏွစ္ခုၾကား မွ်ေဝႏိုင္တဲ့ အကြာအေဝးကလည္း က်ဥ္းေျမာင္းၿပီး ေႏွးလည္းေႏွးပါတယ္။ အခုေတာ့ Fast Share ရဲ႕ လုပ္ေဆာင္ခ်က္ကလည္း အလားတူပဲ Bluetooth နဲ႔ Device ႏွစ္ခုကို ခ်ိတ္ဆက္မွာျဖစ္သလို Wi-Fi ကိုအသုံးျပဳၿပီးေတာ့ မွ်ေဝျခင္းလုပ္ငန္းကို ျပဳလုပ္မွာ ျဖစ္ပါတယ္။

9To5Google ရဲ႕ ေဖာ္ျပခ်က္အရ Fast Share ဟာ Settings > Google > Fast Share ကေနတစ္ဆင့္ ဝင္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါမွမဟုတ္ရင္လည္း Share Menu ကေန ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ Google ရဲ႕ မွ်ေဝျခင္းနည္းလမ္းသစ္ဟာ Android Devices ႏွစ္ခုၾကားမွာသာမကဘဲ Chromebook, iPhone နဲ႔ Smartwatch ေတြကိုလည္း ခ်ိတ္ဆက္မွ်ေဝႏိုင္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

AirDrop ကိုပခုံးချင်းယှဉ်မယ့် Google ရဲ့ Android Fast Share ထွက်ပေါ်လာ

Google ဟာ Android Q မှာ ၂၀၁၁ ခုနှစ်တုန်းကတည်းက မိတ်ဆက်ထားတဲ့ Android Beam ကို ဖြုတ်ချခဲ့ပါတယ်။ ဒီတော့ Google ရဲ့ ဖိုင်တွေမျှဝေပေးမယ့် Feature သစ်က ဘာဖြစ်မလဲဆိုတာကို မေးခွန်းထုတ်ခဲ့ကြရပါတယ်။ အခုတော့ ဒီမေးခွန်းအတွက် အဖြေထွက်လာပြီလို့ ဆိုရမှာပါ။ Google ကစမ်းသပ်လိုက်တဲ့ Fast Share လို့ ယူဆရပါတယ်။

9To5Google မှာ တွေ့မြင်ရတဲ့ ဖော်ပြချက်အရ Android Q Beta မှာပါလာမယ့် Fast Share ဟာ Apple ရဲ့ AirDrop နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် Fast Share ဟာ Android Beam ရဲ့ မျှဝေပို့ဆောင်နှုန်းထက် ပိုပြီး မြန်ဆန်လာမယ့်အပြင်၊ ဖိုင်တွေသာမက၊ URL, Text တွေလည်း မျှဝေနိုင်မယ်လို့လည်း သိရပါတယ်။

AirDrop ဟာ Bluetooth နဲ့ Wi-Fi ကို ပေါင်းစပ်အသုံးပြုပြီး မျှဝေတာကြောင့် မြန်ဆန်တာဖြစ်ပါတယ်။ Android Beam တုန်းကတော့ NFC အခြေခံစနစ်ကို သုံးတာကြောင့် Device နှစ်ခုကြား မျှဝေနိုင်တဲ့ အကွာအဝေးကလည်း ကျဉ်းမြောင်းပြီး နှေးလည်းနှေးပါတယ်။ အခုတော့ Fast Share ရဲ့ လုပ်ဆောင်ချက်ကလည်း အလားတူပဲ Bluetooth နဲ့ Device နှစ်ခုကို ချိတ်ဆက်မှာဖြစ်သလို Wi-Fi ကိုအသုံးပြုပြီးတော့ မျှဝေခြင်းလုပ်ငန်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။

9To5Google ရဲ့ ဖော်ပြချက်အရ Fast Share ဟာ Settings > Google > Fast Share ကနေတစ်ဆင့် ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Share Menu ကနေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Google ရဲ့ မျှဝေခြင်းနည်းလမ်းသစ်ဟာ Android Devices နှစ်ခုကြားမှာသာမကဘဲ Chromebook, iPhone နဲ့ Smartwatch တွေကိုလည်း ချိတ်ဆက်မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Ref: GSMArena