Xiaomi Mi Mix 2 ဟာ ပြီးခဲ့တဲ့နှစ်က ဘေးဘောင်မဲ့ဒီဇိုင်းနဲ့ လူအများအပြားကို ကြိုက်နှစ်သက်စေခဲ့တဲ့ Xiaomi Mi Mix ဖုန်းကို အဆင့်မြှင့်တင်ထားတဲ့ဖုန်းဖြစ်ပြီးတော့ ပိုကောင်းလာတဲ့ 12MP Camera, Snapdragon 835 CPU နဲ့ RAM 6GB အထိ ပါဝင်တဲ့အတွက် Xiaomi ရဲ့ ယခုနှစ်အတွက် Flagship ဖုန်းတစ်ခုလို့ သတ်မှတ်နိုင်မှာပါ။

Xiaomi ကနေ လက်ရှိအချိန်မှာ Xiaomi Mi 6 ဖုန်းအတွက် Android 8.0 Oreo Version Update ပြုလုပ်ပေးဖို့အတွက် Close Beta အနေနဲ့ စမ်းသပ်နေသလိုမျိုးပဲ Xiaomi Mi Mix 2 အတွက်လည်း Android 8.0 Oreo Version ကို Update လုပ်ပေးဖို့အတွက် အရင်ဆုံးစမ်းသပ်သုံးစွဲချင်တဲ့သူတွေအတွက် Beta Program ကို စတင်တော့မှာဖြစ်တယ်လို့ ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။

အခု Xiaomi Mi Mix 2 ဖုန်းကို အသုံးပြုနေပြီးတော့ Android 8.0 Oreo ကိုလည်း အရင်ဆုံးအသုံးပြုချင်တယ်ဆိုရင်တော့ Xiaomi Forum App ကနေ Beta Program အတွက် စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ တကယ်လို့ Xiaomi Forum App မရှိရင်လည်း Web Browser ကနေ Xiaomi Forum ကို ဝင်ရောက်ပြီး အသုံးပြုနိုင်မှာပါ။

တကယ်လို့ Xiaomi ကနေ Android Version 8.0 Oreo အတွက် Beta Version ကို အသုံးပြုနိုင်မယ်ဆိုရင် Xiaomi Forum ကနေ အသိပေးသွားမှာဖြစ်ပြီးတော့ Updater App ကနေ Oreo Update ကို Download ရယူလိုက်ရုံပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခု Xiaomi Mi Mix 2 အတွက် Android Oreo Update ဟာ Beta Version ဖြစ်တဲ့အတွက် Error အချို့ရှိနေနိုင်ပြီး Error မရှိတဲ့ Version ကို အသုံးပြုချင်တယ်ဆိုရင်တော့ မကြာခင်ရရှိမယ့် Android Oreo Stable Update ကိုစောင့်တာပဲ အကောင်းဆုံးဖြစ်မှာပါ။