[Zawgyi]




Ref : mashable

[Unicode]

iPhone 11 ရဲ့ Features တွေဟာ Android Phones တွေမှာ ရှိပြီးသားပါ

Android Users တွေဟာ မနေ့က ကြေညာခဲ့တဲ့ iPhone 11 တွေကို လှောင်ပြောင်နေကြပါပြီ။ ဘာလို့လဲဆိုတော့ iPhone 11 မှာ ပါတဲ့ Features တွေဟာ Android Phones တွေမှာ ရနေတာ ၂ နှစ်လောက်ရှိနေလို့ပါ။ iPhone 11 Pro တွေမှာ ပါတဲ့ အနောက်ကင်မရာ ၃ လုံးဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက စွမ်းရည်မြင့် Android Phones တွေမှာ ပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ဧပြီလက ကြေညာခဲ့တဲ့ Huawei P20 Pro နဲ့ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တဲ့ LG V40 ThinQ မှာ အနောက်ကင်မရာ ၃ လုံးပါနေပြီးသားပါ။

iPhone 11 ရဲ့ Night Mode လို လုပ်ဆောင်ချက်မျိုးကို Google Pixel မှာ ထည့်သွင်းပေးထားတာ ကြာပါပြီ။ Samsung နဲ့ Huawei တို့ကလည်း အဲဒီ လုပ်ဆောင်ချက်မျိုးကို သူတို့ရဲ့ ဖုန်းတွေမှာ ထည့်ထားပေးကြပါတယ်။ iPhone 11 ရဲ့ စွမ်းရည်တွေဟာ ဈေးပေါတဲ့ Android Phones တွေမှာတောင် ပါနေကြပါတယ်။

iPhone 11 တွေရဲ့ ရေစိုခံစွမ်းရည်၊ OLED Screens နဲ့ AI အခြေပြု ကင်မရာ လုပ်ဆောင်ချက်တွေ အားလုံးဟာ စွမ်းရည်မြင့် Android Phones တွေမှာ ပါပြီးသားပါ။ ဒါ့အပြင် Storage ကလည်း Android Phones တွေမှာ ပိုများပါတယ်။ iPhone အသစ်တွေမှာ Reverse Wireless Charging လည်း မပါလာပါဘူး။ များသောအားဖြင့် Android Phones တွေက iPhone 11 တွေထက် Battery ပိုခံပါတယ်။ Apple ဟာ Notch နဲ့ 2x Zoom Camera တွေကို စတင် မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီပါ။ ဒါပေမယ့် Android Company တွေက Apple ထက်သာအောင် ဖန်တီးခဲ့ကြပါတယ်။

Ref : mashable