Zawgyi Font Version




Ref: XDA

Unicode Version

OnePlus 6 အသုံးပြုသူတွေအတွက် Android Pie အခြေခံ Oxygen OS 9.0 ထွက်ရှိလို့လာပါပြီ။ သောကြာနေ့က OnePlus ရဲ့ Official Forum မှာ Oxygen OS 9.0 ကိုကြေညာခဲ့တာဖြစ်ပြီး Android Pie Feature များနဲ့အတူ အသွင်အပြင်အသစ်တွေကိုမြင်တွေ့ရမှာပါ။ OnePlus ရဲ့ Official Change Log အရ Android System က Android 9.0, Pie အဖြစ်ဆင့်မြင့်သွားမယ်။ Android Pie ရဲ့ အသွင်အပြင်အသစ်တွေကိုမြင်ရမယ်။ Adaptive Battery Support ပါဝင်လို့ အသုံးမလိုတဲ့ App တွေကို အလိုလို ပိတ်ပေးပြီး Battery အားကြာရှည်ခံစေတယ်။ Android Pie ရဲ့ Navigation Gesture အသစ်တွေပါဝင်လာမယ်။ Android Security Patch ကို (၂၀၁၈) စက်တင်ဘာထိ မြှင့်တင်ပေးထားလို့ Security ပိုင်းအရမ်းကောင်းတယ်။ တစ်ခြား System ပိုင်းဆိုင်ရာ Feature အသစ်တွေအများကြီးပါဝင်လာတယ်။ Gaming Mode အသစ် 3.0 ပါဝင်လာတယ်။ Accent Color အတွက် Option အသစ်တွေနဲ့ Third Party App တွေအတွက် ဖုန်းခေါ်ဆိုမှုတွေကို ကိုယ့်စိတ်ကြိုက် Customize ပြုလုပ်လာနိုင်တယ်။

Oxygen OS Update ကို တစ်ပြေးညီတည်းပေးတာမဟုတ်ပဲ နိုင်ငံအလိုက် နေရာအလိုက် တစ်ဆင့်ချင်းစီပေးတာကြောင့် OTA Update ရဖို့တော့ ကြာပါလိမ့်မယ်။ ကိုယ့်ဖုန်းအတွက် Update မရသေးရင်တော့ TWRP Recovery ကနေသွင်းလို့ရတဲ့ Full ROM လေးကိုအောက်က Link မှာရယူနိုင်ပါတယ်။ Full ROM ကိုဒေါင်းပြီး TWRP ကနေ Flash လိုက်ရင်တော့ Android Pie ကို အစောဆုံးအသုံးပြုနိုင်ပါပြီ။ အဆိုပါ Full ROM က Oxygen OS 9.0 အစောဆုံးရရှိတဲ့ Device တွေကနေပြန်ထုတ်ထားတာဖြစ်ပြီး Official ROM စစ်စစ်ပါ။ TWRP ကနေ သွင်းလိုက်ရင်တော့ Boot Modification တွေဖြစ်တဲ့ TWRP တို့လို recovery တွေနဲ့ Root ဖောက်ထားရင် Root ပါပျောက်သွားမှာပါ။ TWRP ကနေမသွင်းခင် Internal Storage ကလွဲလို့ကျန်တဲ့ Data Partition တွေအကုန် Wipe ပေးဖို့တော့လိုပါမယ်။

>>>Oxygen OS 9.0 Download Link<<<

Ref: XDA