Zawgyi Font Version

Samsung ဖုန္းေတြကို Android Update ေပးတာေနာက္က်တဲ့ဖုန္းေတြအျဖစ္လူသိမ်ားပါတယ္။ Samsung သာမက တစ္ျခား ကိုယ္ပိုင္ Android Skin ေတြထည့္သြင္းၾကတဲ့ Xiaomi, Huawei တို႔လိုဖုန္းေတြကလည္း Android Update ရတာေနာက္က်ေလ့ရွိပါတယ္။ ေနာက္ဆံုးထြက္ Android Update ရဖို႔အတြက္္ ေျခာက္လေက်ာ္ၾကာျမင့္ေလ့ရွိပါတယ္။ နာမည္ေက်ာ္ Software Developer Website ျဖစ္တဲ့ XDA က Developer ေတြဟာ Snapdragon အသံုးျပဳထားတဲ့ Samsung Galaxy S9+ အတြက္ Android Pie Update ကို အၾကိဳစမ္းသပ္ေနၾကပါျပီ။ Samsung ရဲ႕ Official Closed Beta ျဖစ္ျပီး အလံုးစံု အေခ်ာသပ္ရေသးတာေတာ့မဟုတ္ပါဘူး။ Official Samsung Experience ROM ျဖစ္ျပီး Samsung Experience Version 10.0 ျဖစ္တယ္လို႔သိရပါတယ္။ စမ္းသပ္ဆဲ အဆင့္မွာပဲ ရွိေသးတဲ့အတြက္ Bug ေတြနဲ႕အတူ မျပည့္စံုေသးပဲ တို႔လို႔တန္းလန္းျဖစ္ေနတဲ့ UI ေတြနဲ႔ သူ႔ဘာသာသူခနခန Reboot က်တာေတြ စတဲ့ Error ေလးေတြေတာ့ရွိေနပါေသးတယ္။ ဒါေပမယ့္လည္း XDA ရဲ႕ ေျပာစကားေတြအရ အသစ္ထြက္မယ့္ Samsung ဖုန္းေတြအတြက္ Android Pie ရဲ႕ အသြင္အျပင္ကိုေတာ့ ၾကည့္ရွုေလ့လာႏိုင္ပါတယ္။

Android Pie Update အသစ္နဲ႔အတူ System UI အသြင္အျပင္အသစ္ကိုေျပာင္းလဲထားတာေတြ႔ျမင္ရမွာပါ။ အသိသာဆံုး အေျပာင္းအလဲကေတာ့ AMOLED Dark Theme ဆိုတဲ့ Theme အသစ္ပဲျဖစ္ျပီး Samsung ကအဆိုပါ Theme ကို “Night Theme” လို႔နာမည္ေပးထားပါတယ္။ XDA ရဲ႕ေျပာစကားအရေတာ့ အဆိုပါ “Night Theme” ဟာ ေလာေလာဆယ္စမ္းသပ္တဲ့အခ်ိန္မွာေတာ့ Error ေတြမ်ားေနတာေတြ႔ရပါတယ္။ Android Pie ေပၚအေျခခံထားတဲ့ Samsung Experience 10.0 မွာ Default Theme အျဖစ္အဆိုပါ Dark Theme တစ္ခါတည္းပါဝင္လာမွာျဖစ္ပါတယ္။ White Theme လည္းပါဝင္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ေနာက္တစ္ခုကေတာ့ Card Style UI ျဖစ္ျပီး Google Pixel ေတြမွာလိုပဲ App Windows ေတြရဲ႕ေဒါင့္ေကြးေတြကိုခပ္ဝိုင္းဝိုင္းအေနအထားနဲ႔ေတြ႔ရမွာပါ။ Setting App ထဲမွာ အဆိုပါ ေျပာင္းလဲမွုကို သိသိသာသာျမင္ေတြ႔ႏိုင္ျပီး Notification ေတြကိုလည္း အဲ့ဒီပံုစံအတိုင္းပဲျမင္ရမွာပါ။ Quick Setting Button ေတြကိုလည္း ဝိုင္းဝိုင္းေလးေတြလုပ္ထားျပီး Android Pie ရဲ႕ Original အသြင္အျပင္ပါပဲ။ Lock Screen ကိုလဲ Design ျပန္ဆြဲထားျပီး နာရီအထားအသိုကိုလည္း အရင္ အေပၚဘက္နားမွာထားေနရာကေန အခုဆို Screen ရဲ႕ အလယ္တည့္တည့္ကိုေျပာင္းေရႊ႕ထားပါတယ္။ Lock Screen ေအာက္ေျခနားက App Shortcut ေတြကိုလည္း အေရာင္ေလးေတြနဲ႔ ေျပာင္းလဲထားပါတယ္။

Recent Apps Overview Menu ကိုလည္း Android Pie ရဲ႕ Original ပံုစံအတိုင္းပဲ ျပဳျပင္ေျပာင္းလဲေပးထားပါတယ္။ Recent App ေတြကို ၾကည့္တဲ့ေနရာမွာအရင္လို App Windows ေတြကို ေဒါင္လိုက္ဆြဲမၾကည့္ရေတာ့ပဲ အလ်ားလိုက္ေရႊ႕ၾကည့္ရတဲ့ ကတ္ေလးေတြအျဖစ္ေျပာင္းလဲထားပါတယ္။

Night Mode အသစ္ကို အသံုးျပဳေပးထားျပီး သက္မွတ္ထားတဲ့ အခ်ိန္ေရာက္တာနဲ႔ အေပၚမွာေျပာျပသြားတဲ့ Night Theme ကို အလိုအေလ်ာက္ေျပာင္းေပးသြားမယ္လို႔သိရပါတယ္။ Original Dark Theme (ေခၚ) Night Theme ကို ထားထားရင္ေတာ့ ေနဝင္ခ်ိန္ေရာက္ရင္ော့ ေျပာင္းလဲမွုသိပ္ေတြ႔ရမွာမဟုတ္ပါဘူး။ ညေနေစာင္းရင္ေတာ့ Display Brightness ကိုနည္းနည္းေလ်ာ့ေပးျပီး မ်က္စိက်ိမ္းေစတဲ့ Blue Light ေတြကို ေလွ်ာ့ေပးမယ့္ Bluelight Filter ေလးကို ဖြင့္ေပးမွာပါ။

Motions & Gestures Menu အသစ္ကိုလည္း ထည့္သြင္းေပးထားျပီး Fingerprint Sensor ကိုပါ အသံုးျပဳျပီး ဓာတ္ပံုရိုက္တာတို႔ Notification Bar ကိုဆြဲခ်တာတို႔လုပ္ႏိုင္မွာပါ။ iPhone ေတြမွာလိုမ်ိဳး ဖုန္းကိုေကာက္ကိုင္လိုက္တာနဲ႔ Screen ပြင့္လာမယ့္ Lift to Wake ဆိုတာေလးလည္းပါဝင္လာပါတယ္။ တစ္ျခား Motions & Gestures အသစ္ေတြအမ်ားၾကီးပါဝင္လာျပီး ဖုန္းကို အသံုးျပဳရတာ ပိုမိုျမန္ဆန္ေစပါတယ္။ Samsung ရဲ႕ကိုယ္ပိုင္ Samsung App ေတြျဖစ္တဲ့ Samsung Dialer, Samsung Message, Bixby နဲ႔ Camera App ကိုလည္း Design ျပန္ဆြဲထားျပီး Android Pie ရဲ႕ အေငြ႔အသက္ေတြကိုေတြ႔ရမွာပါ။

Samsung ဟာ သူ႔ရဲ႕ Galaxy ဖုန္းေတြရဲ႕ Software ကို Original Android နဲ႔ အရမ္းၾကီးမကြာျခားေအာင္ ျပဳျပင္လာခဲ့ျပီး အဆိုပါေျပာင္းလဲမွုကပဲ Galaxy ဖုန္းေတြကို ပိုမိုျမန္ဆန္လာေစပါတယ္။ Stock Android အသြင္အျပင္ကို ပိမိုသေဘာက်ၾကတဲ့ Android ဖုန္းသံုးစြဲသူေတြရဲ႕ အၾကိဳက္ကိုလိုက္ေပးတဲ့သေဘာလည္းပါ ပါတယ္။ Stock Android နဲ႔ နီးေလ တစ္ဆင့္ခံ Third Party Theme ေတြကိုအသံုးမျပဳရေတာ့တဲ့အတြက္ Performance ပိုျမန္ေလျဖစ္ျပီး အဆိုပါ အခ်က္ကို Stock Android ကို ပါးပါးေလးပဲ ျပဳျပင္ထားတဲ့ Oneplus ရဲ႕ Oxygen OS မွာေတြ႔ရွိႏိုင္ပါတယ္။ Samsung ဖုန္းေတြရဲ႕ Software ကလည္း တစ္ျဖည္းျဖည္းနဲ႔ Stock Android နဲ႔နီးကပ္လာေနျပီး တစ္ခ်ိန္ခ်ိန္မွာ Stock Android နီးနီးေျပာင္းလဲလာႏိုင္ပါတယ္။

Ref: XDA

Unicode Version

Samsung ဖုန်းတွေကို Android Update ပေးတာနောက်ကျတဲ့ဖုန်းတွေအဖြစ်လူသိများပါတယ်။ Samsung သာမက တစ်ခြား ကိုယ်ပိုင် Android Skin တွေထည့်သွင်းကြတဲ့ Xiaomi, Huawei တို့လိုဖုန်းတွေကလည်း Android Update ရတာနောက်ကျလေ့ရှိပါတယ်။ နောက်ဆုံးထွက် Android Update ရဖို့အတွက် ခြောက်လကျော်ကြာမြင့်လေ့ရှိပါတယ်။ နာမည်ကျော် Software Developer Website ဖြစ်တဲ့ XDA က Developer တွေဟာ Snapdragon အသုံးပြုထားတဲ့ Samsung Galaxy S9+ အတွက် Android Pie Update ကို အကြိုစမ်းသပ်နေကြပါပြီ။ Samsung ရဲ့ Official Closed Beta ဖြစ်ပြီး အလုံးစုံ အချောသပ်ရသေးတာတော့မဟုတ်ပါဘူး။ Official Samsung Experience ROM ဖြစ်ပြီး Samsung Experience Version 10.0 ဖြစ်တယ်လို့သိရပါတယ်။ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတဲ့အတွက် Bug တွေ နဲ့အတူ မပြည့်စုံသေးပဲ တို့လို့တန်းလန်းဖြစ်နေတဲ့ UI တွေနဲ့ သူ့ဘာသာသူခနခန Reboot ကျတာတွေ စတဲ့ Error လေးတွေတော့ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း XDA ရဲ့ ပြောစကားတွေအရ အသစ်ထွက်မယ့် Samsung ဖုန်းတွေအတွက် Android Pie ရဲ့ အသွင်အပြင်ကိုတော့ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Android Pie Update အသစ်နဲ့အတူ System UI အသွင်အပြင်အသစ်ကိုပြောင်းလဲထားတာတွေ့မြင်ရမှာပါ။ အသိသာဆုံး အပြောင်းအလဲကတော့ AMOLED Dark Theme ဆိုတဲ့ Theme အသစ်ပဲဖြစ်ပြီး Samsung ကအဆိုပါ Theme ကို “Night Theme” လို့နာမည်ပေးထားပါတယ်။ XDA ရဲ့ပြောစကားအရတော့ အဆိုပါ “Night Theme” ဟာ လောလောဆယ်စမ်းသပ်တဲ့အချိန်မှာတော့ Error တွေများနေတာတွေ့ရပါတယ်။ Android Pie ပေါ်အခြေခံထားတဲ့ Samsung Experience 10.0 မှာ Default Theme အဖြစ်အဆိုပါ Dark Theme တစ်ခါတည်းပါဝင်လာမှာဖြစ်ပါတယ်။ White Theme လည်းပါဝင်လာဖို့ မျှော်လင့်နေကြပါတယ်။

နောက်တစ်ခုကတော့ Card Style UI ဖြစ်ပြီး Google Pixel တွေမှာလိုပဲ App Windows တွေရဲ့ဒေါင့်ကွေးတွေကိုခပ်ဝိုင်းဝိုင်းအနေအထားနဲ့တွေ့ရမှာပါ။ Setting App ထဲမှာ အဆိုပါ ပြောင်းလဲမှုကို သိသိသာသာမြင်တွေ့နိုင်ပြီး Notification တွေကိုလည်း အဲ့ဒီပုံစံအတိုင်းပဲမြင်ရမှာပါ။ Quick Setting Button တွေကိုလည်း ဝိုင်းဝိုင်းလေးတွေလုပ်ထားပြီး Android Pie ရဲ့ Original အသွင်အပြင်ပါပဲ။ Lock Screen ကိုလဲ Design ပြန်ဆွဲထားပြီး နာရီအထားအသိုကိုလည်း အရင် အပေါ်ဘက်နားမှာထားနေရာကနေ အခုဆို Screen ရဲ့ အလယ်တည့်တည့်ကိုပြောင်းရွှေ့ထားပါတယ်။ Lock Screen အောက်ခြေနားက App Shortcut တွေကိုလည်း အရောင်လေးတွေနဲ့ ပြောင်းလဲထားပါတယ်။

Recent Apps Overview Menu ကိုလည်း Android Pie ရဲ့ Original ပုံစံအတိုင်းပဲ ပြုပြင်ပြောင်းလဲပေးထားပါတယ်။ Recent App တွေကို ကြည့်တဲ့နေရာမှာအရင်လို App Windows တွေကို ဒေါင်လိုက်ဆွဲမကြည့်ရတော့ပဲ အလျားလိုက်ရွှေ့ကြည့်ရတဲ့ ကတ်လေးတွေအဖြစ်ပြောင်းလဲထားပါတယ်။

Night Mode အသစ်ကို အသုံးပြုပေးထားပြီး သက်မှတ်ထားတဲ့ အချိန်ရောက်တာနဲ့ အပေါ်မှာပြောပြသွားတဲ့ Night Theme ကို အလိုအလျောက်ပြောင်းပေးသွားမယ်လို့သိရပါတယ်။ Original Dark Theme (ခေါ်) Night Theme ကို ထားထားရင်တော့ နေဝင်ချိန်ရောက်ရင်ော့ ပြောင်းလဲမှုသိပ်တွေ့ရမှာမဟုတ်ပါဘူး။ ညနေစောင်းရင်တော့ Display Brightness ကိုနည်းနည်းလျော့ပေးပြီး မျက်စိကျိမ်းစေတဲ့ Blue Light တွေကို လျှော့ပေးမယ့် Bluelight Filter လေးကို ဖွင့်ပေးမှာပါ။

Motions & Gestures Menu အသစ်ကိုလည်း ထည့်သွင်းပေးထားပြီး Fingerprint Sensor ကိုပါ အသုံးပြုပြီး ဓာတ်ပုံရိုက်တာတို့ Notification Bar ကိုဆွဲချတာတို့လုပ်နိုင်မှာပါ။ iPhone တွေမှာလိုမျိုး ဖုန်းကိုကောက်ကိုင်လိုက်တာနဲ့ Screen ပွင့်လာမယ့် Lift to Wake ဆိုတာလေးလည်းပါဝင်လာပါတယ်။ တစ်ခြား Motions & Gestures အသစ်တွေအများကြီးပါဝင်လာပြီး ဖုန်းကို အသုံးပြုရတာ ပိုမိုမြန်ဆန်စေပါတယ်။ Samsung ရဲ့ကိုယ်ပိုင် Samsung App တွေဖြစ်တဲ့ Samsung Dialer, Samsung Message, Bixby နဲ့ Camera App ကိုလည်း Design ပြန်ဆွဲထားပြီး Android Pie ရဲ့ အငွေ့အသက်တွေကိုတွေ့ရမှာပါ။

Samsung ဟာ သူ့ရဲ့ Galaxy ဖုန်းတွေရဲ့ Software ကို Original Android နဲ့ အရမ်းကြီးမကွာခြားအောင် ပြုပြင်လာခဲ့ပြီး အဆိုပါပြောင်းလဲမှုကပဲ Galaxy ဖုန်းတွေကို ပိုမိုမြန်ဆန်လာစေပါတယ်။ Stock Android အသွင်အပြင်ကို ပိမိုသဘောကျကြတဲ့ Android ဖုန်းသုံးစွဲသူတွေရဲ့ အကြိုက်ကိုလိုက်ပေးတဲ့သဘောလည်းပါ ပါတယ်။ Stock Android နဲ့ နီးလေ တစ်ဆင့်ခံ Third Party Theme တွေကိုအသုံးမပြုရတော့တဲ့အတွက် Performance ပိုမြန်လေဖြစ်ပြီး အဆိုပါ အချက်ကို Stock Android ကို ပါးပါးလေးပဲ ပြုပြင်ထားတဲ့ Oneplus ရဲ့ Oxygen OS မှာတွေ့ရှိနိုင်ပါတယ်။ Samsung ဖုန်းတွေရဲ့ Software ကလည်း တစ်ဖြည်းဖြည်းနဲ့ Stock Android နဲ့နီးကပ်လာနေပြီး တစ်ချိန်ချိန်မှာ Stock Android နီးနီးပြောင်းလဲလာနိုင်ပါတယ်။

Ref: XDA