Zawgyi

Samsung ရဲ႕ ေနာက္ဆံုးထြက္ Galaxy ဖုန္းေတြအတြက္ ေနာက္ဆံုးေပၚ Android Pie Update ကို US, Germany နဲ႔ Korea တို႔မွာ စမ္းသပ္အသံုးျပဳႏိုင္ေတာ့မွာပါ။ အဆိုပါ ေၾကညာခ်က္ကို တစ္ေန႔က က်င္းပခဲ့တဲ့ Samsung Developer Conference ပဲြမွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲမွာ Samsung ရဲ႕ အနာဂတ္ေခါက္ဖုန္းေတြမွာ အသံုးျပဳမယ့္ နည္းပညာ အသစ္တစ္ခုအေၾကာင္းကို အဓိကေဆြးေႏြးေျပာၾကားခဲ့ျပီး Android Pie Beta Update အေၾကာင္းကိုပါ ဆက္လက္ ေဖာ္ျပခဲ့တာပါ။ ေနာက္ဆံုးထြက္ Galaxy S9 နဲ႔ S9+ အသံုးျပဳသူေတြသာ အဆိုပါ Beta Software ကို စမ္းသပ္အသံုးျပဳႏိုင္မွာပါ။ အဆိုပါ Android Pie Update ဟာ Samsung ရဲ႕ နာမည္ေပးတဲ့ စနစ္အတိုင္းဆိုရင္ Samsung Experience 10.0 လို႔ေခၚဆိုႏိုင္ေပမယ့္ Samsung ဘက္ကေန နာမည္ပါေျပာင္းလဲျပီး One UI လို႔ေခၚဆိုခဲ့ပါတယ္။ Samsung ဖုန္းေတြမွာ စတင္အသံုးျပဳလာခဲ့တဲ့ UI ကို Touch Wiz UI လို႔ေခၚဆိုခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ Samsung Experience လို႔ေျပာင္းလဲေခၚဆိုကာ UI ဒီဇိုင္းပိုင္းလည္း လံုးဝေျပာင္းလဲသြားပါတယ္။ အခုလည္း Samsung Experience ကေန One UI အျဖစ္ကို တစ္ဆစ္ခ်ိဳး ေျပာင္းလဲေတာ့မွာပါ။

One-handed UI အသစ္ေတြနဲ႔အတူ App Icon ေတြအထိ ဒီဇိုင္းဆန္းသစ္မွုေတြနဲ႔ အဆိုပါ One UI ဟာ ကိုယ့္ဖုန္းရဲ႕ အေရာင္ေပၚမူတည္ျပီး လိုက္ဖက္မယ့္ Theme ေတြကို ေျပာင္းလဲအသံုးျပဳေစႏိုင္ဦးမွာပါ။ လက္ရွိမွာေတာ့ One UI ကို Galaxy S9 နဲ႔ S9+ မွာပဲ စမ္းသပ္လို႔ရမွာျဖစ္ျပီး ေနာက္ဆံုးထြက္ထားတဲ့ Note 9 မွာ ဘာလို႔ စမ္းသပ္အသံုးျပဳလို႔မရလဲ ဆိုတာကေတာ့ စဥ္းစားစရာပါပဲ။ အဆိုပါ One UI ပါဝင္လာတဲ့ Android Pie Beta ကို UK, Germany နဲ႔ Korea တို႔အျပင္ တစ္ျခား ႏိုင္ငံေတြမွာပါ ရရွိလာမွာျဖစ္ျပီး ဘယ္အခ်ိန္ရမယ္နဲ႔ ဘယ္ႏိုင္ငံေတြမွာ ရမယ္ဆိုတာေတာ့ အတိအက် ေျပာၾကားထားျခင္းမရွိေသးပါဘူး။

ျပည္တြင္း အသံုးျပဳသူေတြအေနနဲ႔လည္း အဆိုပါ Android Pie Beta ရမရကို စမ္းသပ္ခ်င္ရင္ေတာ့ Samsung Members App ကို Galaxy Apps သို႔မဟုတ္ Play Store ကေန ေဒါင္းျပီး One UI Beta Program Registration ဆိုတဲ့ ေနရာမွာ စာရင္းေပးသြင္းႏိုင္ပါတယ္။ ျပီးတာနဲ႔ ဖုန္း Setting ထဲက Software Update ထဲဝင္ျပီး Beta Update ရမရ စစ္ႏိုင္ပါတယ္။ Beta Version ျဖစ္တဲ့အတြက္ ဘက္ထရီအားမခံတာမ်ိဳး System Lag တာမ်ိဳးနဲ႔ ကင္မရာ အရည္အေသြးက်သြားတာ လိုမ်ိဴး Bug နဲ႔ Error ေလးေတြေတာ့ ၾကံဳရႏိုင္ပါတယ္။

Ref: XDA

Unicode

Samsung ရဲ့ နောက်ဆုံးထွက် Galaxy ဖုန်းတွေအတွက် နောက်ဆုံးပေါ် Android Pie Update ကို US, Germany နဲ့ Korea တို့မှာ စမ်းသပ်အသုံးပြုနိုင်တော့မှာပါ။ အဆိုပါ ကြေညာချက်ကို တစ်နေ့က ကျင်းပခဲ့တဲ့ Samsung Developer Conference ပွဲမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ Samsung ရဲ့ အနာဂတ်ခေါက်ဖုန်းတွေမှာ အသုံးပြုမယ့် နည်းပညာ အသစ်တစ်ခုအကြောင်းကို အဓိကဆွေးနွေးပြောကြားခဲ့ပြီး Android Pie Beta Update အကြောင်းကိုပါ ဆက်လက် ဖော်ပြခဲ့တာပါ။ နောက်ဆုံးထွက် Galaxy S9 နဲ့ S9+ အသုံးပြုသူတွေသာ အဆိုပါ Beta Software ကို စမ်းသပ်အသုံးပြုနိုင်မှာပါ။ အဆိုပါ Android Pie Update ဟာ Samsung ရဲ့ နာမည်ပေးတဲ့ စနစ်အတိုင်းဆိုရင် Samsung Experience 10.0 လို့ခေါ်ဆိုနိုင်ပေမယ့် Samsung ဘက်ကနေ နာမည်ပါပြောင်းလဲပြီး One UI လို့ခေါ်ဆိုခဲ့ပါတယ်။ Samsung ဖုန်းတွေမှာ စတင်အသုံးပြုလာခဲ့တဲ့ UI ကို Touch Wiz UI လို့ခေါ်ဆိုခဲ့ပြီး နောက်ပိုင်းမှာတော့ Samsung Experience လို့ပြောင်းလဲခေါ်ဆိုကာ UI ဒီဇိုင်းပိုင်းလည်း လုံးဝပြောင်းလဲသွားပါတယ်။ အခုလည်း Samsung Experience ကနေ One UI အဖြစ်ကို တစ်ဆစ်ချိုး ပြောင်းလဲတော့မှာပါ။

One-handed UI အသစ်တွေနဲ့အတူ App Icon တွေအထိ ဒီဇိုင်းဆန်းသစ်မှုတွေနဲ့ အဆိုပါ One UI ဟာ ကိုယ့်ဖုန်းရဲ့ အရောင်ပေါ်မူတည်ပြီး လိုက်ဖက်မယ့် Theme တွေကို ပြောင်းလဲအသုံးပြုစေနိုင်ဦးမှာပါ။ လက်ရှိမှာတော့ One UI ကို Galaxy S9 နဲ့ S9+ မှာပဲ စမ်းသပ်လို့ရမှာဖြစ်ပြီး နောက်ဆုံးထွက်ထားတဲ့ Note 9 မှာ ဘာလို့ စမ်းသပ်အသုံးပြုလို့မရလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။ အဆိုပါ One UI ပါဝင်လာတဲ့ Android Pie Beta ကို UK, Germany နဲ့ Korea တို့အပြင် တစ်ခြား နိုင်ငံတွေမှာပါ ရရှိလာမှာဖြစ်ပြီး ဘယ်အချိန်ရမယ်နဲ့ ဘယ်နိုင်ငံတွေမှာ ရမယ်ဆိုတာတော့ အတိအကျ ပြောကြားထားခြင်းမရှိသေးပါဘူး။

ပြည်တွင်း အသုံးပြုသူတွေအနေနဲ့လည်း အဆိုပါ Android Pie Beta ရမရကို စမ်းသပ်ချင်ရင်တော့ Samsung Members App ကို Galaxy Apps သို့မဟုတ် Play Store ကနေ ဒေါင်းပြီး One UI Beta Program Registration ဆိုတဲ့ နေရာမှာ စာရင်းပေးသွင်းနိုင်ပါတယ်။ ပြီးတာနဲ့ ဖုန်း Setting ထဲက Software Update ထဲဝင်ပြီး Beta Update ရမရ စစ်နိုင်ပါတယ်။ Beta Version ဖြစ်တဲ့အတွက် ဘက်ထရီအားမခံတာမျိုး System Lag တာမျိုးနဲ့ ကင်မရာ အရည်အသွေးကျသွားတာ လိုမျိူး Bug နဲ့ Error လေးတွေတော့ ကြုံရနိုင်ပါတယ်။

Ref: XDA