[Zawgyi]

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက Google ဟာ Oreo မွာ Long-press action ကို သယ္ေဆာင္လာခဲ့ဖူးပါတယ္။ Apple ရဲ႕ 3D Touch လိုမ်ိဳးျဖစ္ေပမယ့္ Pressure-sensitive screen မလိုအပ္တဲ့ ပုံစံမ်ိဳးပါ။ အသုံးျပဳသူကေတာ့ မ်က္ႏွာျပင္ကို အခ်ိန္နည္းနည္း ၾကာၾကာပိုၿပီးဖိထားရပါတယ္။

ဒီလိုမ်ိဳး နည္းပညာကို ႀကိဳးစားၾကတာ Google တင္မကပါဘူး။ ZTE တို႔ Samsung တို႔ကလည္း အလားတူ နည္းပညာမ်ိဳးကို ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမယ့္ အကန႔္အသတ္နဲ႔သာ ျဖစ္ခဲ့ၾကပါတယ္။ Apple က iPhone 6S နဲ႔အတူ 3D Touch ကို မိတ္ဆက္ေပးခဲ့ၿပီး ေလးႏွစ္ေလာက္ၾကာတဲ့အခ်ိန္မွာ Google က Pressure-sensitive action ကို Android Q ဆီ ပို႔ေဆာင္ခဲ့ၿပီ ျဖစ္ပါတယ္။

Operating system နဲ႔ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြအရဆိုရင္ေတာ့ ဒီ လုပ္ေဆာင္ႏိုင္စြမ္းအသစ္ဟာ Deep Press လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။ အသုံးျပဳသူက မ်က္ႏွာျပင္ေပၚကို ခပ္ျပင္းျပင္းဖိႏွိပ္လိုက္မယ္ဆိုရင္ ျပန္လည္တုံ႔ျပန္ မႈျဖစ္ေပၚလာမယ္လို႔လည္း သိရပါတယ္။ ဒါဟာ အခ်ိန္ခပ္ၾကာၾကာ ဖိထားရတဲ့ပုံစံအစား ပုံစံသစ္နဲ႔ အစားထိုးလိုက္တာလို႔ပဲ ဆိုရမွာပါ။

ရွင္းရွင္းလင္းလင္း မသိရေသးတာကေတာ့ ဒီ Functionality သစ္ဟာ ဘယ္လိုပုံစံမ်ိဳး ခပ္ျပင္းျပင္းဖိရမွာလဲ ဆိုတာနဲ႔၊ မ်က္ႏွာျပင္ကလည္း ဒီလို ခပ္ျပင္းျပင္းဖိလိုက္တာကို ဘယ္လိုမ်ိဳး သိနားလည္ၿပီး တုံ႔ျပန္မွာလဲ၊ ဘယ္လို နည္းပညာမ်ိဳးနဲ႔ျပဳလုပ္ထားတာလဲဆိုတာပါ။ ဒါ့အျပင္ Deep Press ဟာ လက္ရွိ အသုံးျပဳေနတဲ့ ဟန္းဆက္ေတြမွာ အသုံးျပဳလို႔ရႏိုင္မလားဆိုတာပါပဲ။

Ref: Android Police

[Unicode]

3D Touch လိုမျိုး ဖိအားတုံ့ပြန်နိုင်တဲ့ လုပ်ဆောင်မှုကို Android Q က ထောက်ပံ့နိုင်ပြီ

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Google ဟာ Oreo မှာ Long-press action ကို သယ်ဆောင်လာခဲ့ဖူးပါတယ်။ Apple ရဲ့ 3D Touch လိုမျိုးဖြစ်ပေမယ့် Pressure-sensitive screen မလိုအပ်တဲ့ ပုံစံမျိုးပါ။ အသုံးပြုသူကတော့ မျက်နှာပြင်ကို အချိန်နည်းနည်း ကြာကြာပိုပြီးဖိထားရပါတယ်။

ဒီလိုမျိုး နည်းပညာကို ကြိုးစားကြတာ Google တင်မကပါဘူး။ ZTE တို့ Samsung တို့ကလည်း အလားတူ နည်းပညာမျိုးကို ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့သာ ဖြစ်ခဲ့ကြပါတယ်။ Apple က iPhone 6S နဲ့အတူ 3D Touch ကို မိတ်ဆက်ပေးခဲ့ပြီး လေးနှစ်လောက်ကြာတဲ့အချိန်မှာ Google က Pressure-sensitive action ကို Android Q ဆီ ပို့ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။

Operating system နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအရဆိုရင်တော့ ဒီ လုပ်ဆောင်နိုင်စွမ်းအသစ်ဟာ Deep Press လို့ အမည်ပေးထားကြောင်း သိရပါတယ်။ အသုံးပြုသူက မျက်နှာပြင်ပေါ်ကို ခပ်ပြင်းပြင်းဖိနှိပ်လိုက်မယ်ဆိုရင် ပြန်လည်တုံ့ပြန် မှုဖြစ်ပေါ်လာမယ်လို့လည်း သိရပါတယ်။ ဒါဟာ အချိန်ခပ်ကြာကြာ ဖိထားရတဲ့ပုံစံအစား ပုံစံသစ်နဲ့ အစားထိုးလိုက်တာလို့ပဲ ဆိုရမှာပါ။

ရှင်းရှင်းလင်းလင်း မသိရသေးတာကတော့ ဒီ Functionality သစ်ဟာ ဘယ်လိုပုံစံမျိုး ခပ်ပြင်းပြင်းဖိရမှာလဲ ဆိုတာနဲ့၊ မျက်နှာပြင်ကလည်း ဒီလို ခပ်ပြင်းပြင်းဖိလိုက်တာကို ဘယ်လိုမျိုး သိနားလည်ပြီး တုံ့ပြန်မှာလဲ၊ ဘယ်လို နည်းပညာမျိုးနဲ့ပြုလုပ်ထားတာလဲဆိုတာပါ။ ဒါ့အပြင် Deep Press ဟာ လက်ရှိ အသုံးပြုနေတဲ့ ဟန်းဆက်တွေမှာ အသုံးပြုလို့ရနိုင်မလားဆိုတာပါပဲ။

Ref: Android Police