[Zawgyi]

Wireless Earbuds မ်ား ခဏခဏ ေပ်ာက္တတ္သူမ်ားအတြက္ေတာ့ သတင္းေကာင္းပါ။ Google က Wireless Earbuds မ်ား ေပ်ာက္ရင္ ရွာေပးမယ့္ လုပ္ေဆာင္ခ်က္ကို Android မွာ မၾကာခင္ ထည့္သြင္းေပးမယ္လို႔ Android Developer Website မွာ ေရးသားထားပါတယ္။ Fast Pair လုပ္ေဆာင္ခ်က္မွာ သူ႔ကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

ဒီလို ျပဳလုပ္ႏုိင္ဖို႔အတြက္ Find My Device App နဲ႔ Website မ်ားမွာ Fast Pair ကို ေထာက္ပံ့ေပးထားမွာ ျဖစ္ပါတယ္။ ဖုန္း ေပ်ာက္ရင္ ရွာသလို နားၾကပ္ကိုလည္း ေျမပံုမွာ ရွာေဖြႏုိင္မွာ ျဖစ္ပါတယ္။ Android Device ကေန နားၾကပ္ရဲ႕ တည္ေနရာကို ၾကည့္ျခင္း၊ ေနာက္ဆံုး အသံုးျပဳခဲ့တဲ့ အခ်ိန္ကို ေလ့လာျခင္းမ်ားျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ အိမ္ထဲမွာ ေပ်ာက္ေနရင္လည္း နားၾကပ္ကို အသံျမည္ေစျခင္းျဖင့္ သူ႔ရဲ႕ တည္ေနရာကို သိႏုိင္ပါတယ္။

Google က Fast Pair လုပ္ေဆာင္ခ်က္ကို သံုးႏိုင္မယ့္ နားၾကပ္ စာရင္းကိုလည္း ေၾကညာထားပါတယ္။

  • 1More Dual Driver BT ANC
  • Anker Spirit Pro GVA
  • Anker SoundCore Flare+ (Speaker)
  • Cleer Ally Plus
  • Jaybird Tarah
  • JBL Live 220BT
  • JBL Live 400BT
  • JBL Live 500BT
  • JBL Live 650BT
  • LG HBS-SL5
  • LG HBS-PL6S
  • LG HBS-SL6S
  • LG HBS-PL5

ဒါ့အျပင္ နားၾကပ္ရဲ႕ ဘက္ထရီ သက္တမ္း အေျခအေနမ်ားကိုလည္း Android Device ကေန သိႏုိင္မယ့္ လုပ္ေဆာင္ခ်က္ကိုလည္း ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။ Fast Pair လုပ္ေဆာင္ခ်က္ဟာ အနီးအနားမွ Bluetooth Devices မ်ားကို အလိုလို ရွာေဖြေပးဖို႔အတြက္ Android Smartphone ရဲ႕ တည္ေနရာနဲ႔ Bluetooth Low Energy ကို သံုးထားပါတယ္။ စမတ္ဖုန္းနဲ႔ Bluetooth Devices မ်ားကို ခ်ိတ္ဆက္ဖို႔ On-screen Notification ကို တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ အိုေကပါၿပီ။

Ref : digitaltrends

[Unicode]

Wireless Earbuds များ ပျောက်ရင် ရှာပေးမယ့် လုပ်ဆောင်ချက်ကို Android မှာ ထည့်သွင်းပေးမည်

Wireless Earbuds များ ခဏခဏ ပျောက်တတ်သူများအတွက်တော့ သတင်းကောင်းပါ။ Google က Wireless Earbuds များ ပျောက်ရင် ရှာပေးမယ့် လုပ်ဆောင်ချက်ကို Android မှာ မကြာခင် ထည့်သွင်းပေးမယ်လို့ Android Developer Website မှာ ရေးသားထားပါတယ်။ Fast Pair လုပ်ဆောင်ချက်မှာ သူ့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြုလုပ်နိုင်ဖို့အတွက် Find My Device App နဲ့ Website များမှာ Fast Pair ကို ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ ဖုန်း ပျောက်ရင် ရှာသလို နားကြပ်ကိုလည်း မြေပုံမှာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Android Device ကနေ နားကြပ်ရဲ့ တည်နေရာကို ကြည့်ခြင်း၊ နောက်ဆုံး အသုံးပြုခဲ့တဲ့ အချိန်ကို လေ့လာခြင်းများပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အိမ်ထဲမှာ ပျောက်နေရင်လည်း နားကြပ်ကို အသံမြည်စေခြင်းဖြင့် သူ့ရဲ့ တည်နေရာကို သိနိုင်ပါတယ်။

Google က Fast Pair လုပ်ဆောင်ချက်ကို သုံးနိုင်မယ့် နားကြပ် စာရင်းကိုလည်း ကြေညာထားပါတယ်။

 1More Dual Driver BT ANC
 Anker Spirit Pro GVA
 Anker SoundCore Flare+ (Speaker)
 Cleer Ally Plus
 Jaybird Tarah
 JBL Live 220BT
 JBL Live 400BT
 JBL Live 500BT
 JBL Live 650BT
 LG HBS-SL5
 LG HBS-PL6S
 LG HBS-SL6S
 LG HBS-PL5

ဒါ့အပြင် နားကြပ်ရဲ့ ဘက်ထရီ သက်တမ်း အခြေအနေများကိုလည်း Android Device ကနေ သိနိုင်မယ့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Fast Pair လုပ်ဆောင်ချက်ဟာ အနီးအနားမှ Bluetooth Devices များကို အလိုလို ရှာဖွေပေးဖို့အတွက် Android Smartphone ရဲ့ တည်နေရာနဲ့ Bluetooth Low Energy ကို သုံးထားပါတယ်။ စမတ်ဖုန်းနဲ့ Bluetooth Devices များကို ချိတ်ဆက်ဖို့ On-screen Notification ကို တစ်ချက်နှိပ်လိုက်တာနဲ့ အိုကေပါပြီ။

Ref : digitaltrends