Google ကနေ မနှစ်တုန်းက Android 10 OS အသစ်နဲ့အတူ Live Caption Feature ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Live Caption Feature ဟာ စကားပြောဆိုမှုပါဝင်တဲ့ Video တွေအကုန်လုံးကို Internet Service ရှိဖို့မလိုအပ်ဘဲ Offline အနေနဲ့ Caption ထိုးပေးနိုင်တဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။

အဆိုပါ Live Caption Feature ဟာ အစောပိုင်းမှာတော့ Google Pixel စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ Samsung Galaxy S20 Series လိုမျိုးဖုန်းတွေအပြင် OnePlus 8 Series ဖုန်းတွေမှာပါ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခုလည်း Google ကနေ Live Caption Feature ကို အဆင့်မြှင့်တင်မှုတစ်ခုပြုလုပ်သွားဦးမယ့်ပုံစံပါပဲ။

ဒါကတော့ နောက်ပိုင်းမှာ Live Caption Feature ကို Video တွေအပြင် Phone Call တွေမှာပါ အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒီသတင်းကိုတော့ XDA-Developers ကနေ Android 11 3rd Developer Preview မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး ဖုန်းပြောဆိုမှုတွေမှာ Live Caption Feature ရရှိလာတာက တဖက်ကသူရဲ့ စကားပြောဆိုမှုကို သေချာမကြားရတာ သို့မဟုတ် ဘာသာစကားနားလည်ဖို့အခက်အခဲရှိသူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ Live Caption Feature ကို အသုံးပြုမယ်ဆိုရင်လည်း တစ်ဖက်လူကို “Hi, the person you’re about to speak with has call captions turned on. They’ll see captions of what you say to help them listen along.” ဆိုပြီး အသိပေးသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး ဖုန်းခေါ်ဆိုမှုတွေအတွက် Live Caption Feature ကို Android 11 Update နဲ့အတူ တရားဝင်အသုံးပြုလာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – 9to5Google