[Zawgyi]

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ထြက္ေပၚလာတဲ့ Citi Research အရ Apple ရဲ႕ iPhone XS Max ေတြဟာ ဝယ္လိုအား အလြန္ပဲေလ်ာ့နည္းေနတာကို ေတြ႕ရတယ္လို႔ Reuters သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ Citi ဟာ၂၀၁၉ ခုႏွစ္ရဲ႕ ပထမသုံးလပတ္အတြက္ iPhone XS Max ဝယ္လိုအားကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္ၿပီး ခန႔္မွန္းခ်က္အရ ကုမၸဏီအေနနဲ႔ ပထမသုံးလပတ္ထုတ္လုပ္မႈအတြက္ မူလလ်ာထားတဲ့ သန္း ၅၀ အစား ၄၅ သန္းေလာက္ထိ ေလ်ာ့က်သြားႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

iPhone XS Max ေတြဟာ Apple ရဲ႕ iPhone ေတြထဲမွာ ေဈးအႀကီးဆုံး ေမာ္ဒယ္လည္း ျဖစ္ပါတယ္။ အနိမ့္ဆုံး $ 1,099 (၁၇ သိန္းနီးပါး) ကေနစၿပီး $ 1,449 (၂၂ သိန္းနီးပါး) အထိ တန္ေၾကးရွိပါတယ္။ iPhone 8 ရဲ႕ တန္ဖိုး $ 599 (ကိုးသိန္းနီးပါး) နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ XS Max ဟာ $ 500 (၇သိန္း၇ေသာင္းနီးပါး) ေဈးပိုႀကီးေနတာကို ေတြ႕ရပါလိမ့္မယ္။ Apple အေနနဲ႔ သူ႔ရဲ႕ ထုတ္ကုန္သစ္ေတြကို မ်က္ႏွာျပင္ႀကီးမားတဲ့ ထုတ္ကုန္ေတြအျဖစ္ အသြင္ေျပာင္းလဲခဲ့ေပမယ့္လည္း ျမင့္မားတဲ့ ေဈးႏႈန္းနဲ႔အတူ ေဈးကြက္အတြင္းေအာင္ျမင္မႈက ထင္သေလာက္ ျဖစ္မလာခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းကလည္း iPhone XR ေတြကို မူလလ်ာထားတဲ့ အလုံးေရ ၉၅ သန္းအစား ၇၄ သန္းေလာက္ထိေလွ်ာ့ခ်ထုတ္လုပ္ရဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။ စတင္မိတ္ဆက္ေရာင္းခ်ၿပီး တစ္လအတြင္း ေရာင္းအား စစ္တမ္းေတြမွာ iPhone XR ရဲ႕ ေရာင္းအားက XS Max ရဲ႕ ေရာင္းအားနဲ႔ တူညီခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း တျဖည္းျဖည္းနဲ႔ ေရာင္းအားက်လာတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ ထုတ္လုပ္မႈကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။

Citi ရဲ႕ ေလ့လာဆန္းစစ္သူ William Yang ကေတာ့ လက္ရွိကာလဟာ Apple ရဲ႕ ကုန္ပစၥည္းလက္ဝယ္သိုေလွာင္မႈကို ေလွ်ာ့ခ်ေနတဲ့ကာလျဖစ္တာေၾကာင့္ Apple အတြက္ အစိတ္အပိုင္းေတြ ေထာက္ပံ့ေပးေနတဲ့ အျခားလုပ္ငန္းစုေတြအတြက္လည္း အေျခအေနေကာင္း ျဖစ္လာမွာမဟုတ္ဘူးလို႔ သုံးသပ္ခဲ့ပါတယ္။

Ref: 9to5Mmac

[Unicode]

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ထွက်ပေါ်လာတဲ့ Citi Research အရ Apple ရဲ့ iPhone XS Max တွေဟာ ဝယ်လိုအား အလွန်ပဲလျော့နည်းနေတာကို တွေ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Citi ဟာ၂၀၁၉ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွက် iPhone XS Max ဝယ်လိုအားကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ခန့်မှန်းချက်အရ ကုမ္ပဏီအနေနဲ့ ပထမသုံးလပတ်ထုတ်လုပ်မှုအတွက် မူလလျာထားတဲ့ သန်း ၅၀ အစား ၄၅ သန်းလောက်ထိ လျော့ကျသွားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

iPhone XS Max တွေဟာ Apple ရဲ့ iPhone တွေထဲမှာ ဈေးအကြီးဆုံး မော်ဒယ်လည်း ဖြစ်ပါတယ်။ အနိမ့်ဆုံး $ 1,099 (၁၇ သိန်းနီးပါး) ကနေစပြီး $ 1,449 (၂၂ သိန်းနီးပါး) အထိ တန်ကြေးရှိပါတယ်။ iPhone 8 ရဲ့ တန်ဖိုး $ 599 (ကိုးသိန်းနီးပါး) နဲ့ နှိုင်းယှဉ်မယ်ဆိုရင် XS Max ဟာ $ 500 (၇သိန်း၇သောင်းနီးပါး) ဈေးပိုကြီးနေတာကို တွေ့ရပါလိမ့်မယ်။ Apple အနေနဲ့ သူ့ရဲ့ ထုတ်ကုန်သစ်တွေကို မျက်နှာပြင်ကြီးမားတဲ့ ထုတ်ကုန်တွေအဖြစ် အသွင်ပြောင်းလဲခဲ့ပေမယ့်လည်း မြင့်မားတဲ့ ဈေးနှုန်းနဲ့အတူ ဈေးကွက်အတွင်းအောင်မြင်မှုက ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း iPhone XR တွေကို မူလလျာထားတဲ့ အလုံးရေ ၉၅ သန်းအစား ၇၄ သန်းလောက်ထိလျှော့ချထုတ်လုပ်ရဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ စတင်မိတ်ဆက်ရောင်းချပြီး တစ်လအတွင်း ရောင်းအား စစ်တမ်းတွေမှာ iPhone XR ရဲ့ ရောင်းအားက XS Max ရဲ့ ရောင်းအားနဲ့ တူညီခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ ရောင်းအားကျလာတာကြောင့် နောက်ပိုင်းမှာတော့ ထုတ်လုပ်မှုကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

Citi ရဲ့ လေ့လာဆန်းစစ်သူ William Yang ကတော့ လက်ရှိကာလဟာ Apple ရဲ့ ကုန်ပစ္စည်းလက်ဝယ်သိုလှောင်မှုကို လျှော့ချနေတဲ့ကာလဖြစ်တာကြောင့် Apple အတွက် အစိတ်အပိုင်းတွေ ထောက်ပံ့ပေးနေတဲ့ အခြားလုပ်ငန်းစုတွေအတွက်လည်း အခြေအနေကောင်း ဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

Ref: 9to5Mmac