Motorola Razr Foldable ဖုန်းဟာ ဒီဇိုင်း ဆန်းသစ်ပြီး ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း နည်းပညာ အသစ် ဖြစ်တဲ့အတွက် အဲဒီ စမတ်ဖုန်းမှာ အားနည်းချက်တွေရှိပါတယ်။ ဘက်ထရီ သက်တမ်း၊ ကင်မရာနဲ့ စွမ်းဆောင်ရည် အပိုင်းမှာလည်း ပြိုင်ဖက် Foldable ဖုန်းတွေကို မယှဉ်နိုင်ပါဘူး။ အခုတော့ အဲဒီ ဖုန်းရဲ့ မျိုးဆက်သစ် ဖုန်း သတင်းထွက်လာပါတယ်။

မျိုးဆက်သစ် ဖုန်းကို ကုမ္ပဏီက စတင် ဖန်တီးနေပြီ ဖြစ်ပြီး စက်တင်ဘာလမှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ Lenovo တောင်အာဖရိက ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Thibault Dousson က ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းဟာ မူလ မော်ဒယ်နဲ့ တူမလား ၊ ပြောင်းလဲထားမလား ဆိုတာ မသိရသေးပါဘူး။ Galaxy Z Flip ရဲ့ သတင်းတွေ စတင် ပေါက်ကြားခဲ့ချိန်က အဲဒီ ဖုန်းကို Galaxy Fold 2 လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ Galaxy  Z Flip ဟာ ဒီဇိုင်းအသစ် သုံးထားတဲ့ Foldable စမတ်ဖုန်း ဖြစ်လာခဲ့ပါတယ်။

Razr ရဲ့ မျိုးဆက်သစ်ကို Razr 2 ဒါမှမဟုတ် Razr (2020) လို့ နာမည်ပေးထားမလားဆိုတာလည်း မသိရသေးပါဘူး။ မျိုးဆက်သစ်မှာ စွမ်းရည်မြင့် Chipset အသစ်ကို အသုံးပြုထားနိုင်ပြီး ပိုကြီးတဲ့ ဘက်ထရီ ၊ ပိုကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena