[Zawgyi]

AnTuTu အေနနဲ႔ ႏိုင္ငံတကာေစ်းကြက္မွာ ျဖန္႔ခ်ိေရာင္းခ်ေနတဲ့ Android စမတ္ဖုန္းေတြထဲကမွ စြမ္းေဆာင္ရည္ အျမင့္ဆုံး စမတ္ဖုန္း ၁၀မ်ိဴး စာရင္းကို ေမလအတြက္ ထုတ္ျပန္ေၾကညာေပးလိုက္ပါၿပီ။ AnTuTu ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ စြမ္းေဆာင္ရည္ အျမင့္ဆုံး စမတ္ဖုန္းအျဖစ္ နံပါတ္ ၁ေနရာမွာ ရပ္တည္ေနသူက Snapdragon 855 SoC အသုံးျပဳ OnePlus 7 Pro ျဖစ္ပါတယ္။ အလားတူ SoC ကိုပဲ အသုံးျပဳထားတဲ့ Xiaomi Mi 9 နဲ႔ Mi BlackShark 2 တို႔ကေတာ့ နံပါတ္ ၂ နဲ႔ ၃ေနရာေတြမွာ အသီးသီးရပ္တည္ေနၾကပါတယ္။

နံပါတ္ ၄ေနရာမွာ ရပ္တည္ေနသူက LG V50 ThinQ 5G ျဖစ္ၿပီး၊ သူလည္းပဲ Snapdragon 855 SoC ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ နံပါတ္ ၅၊ ၆၊ ၇ နဲ႔ ၈ ေနရာေတြမွာေတာ့ Exynos 9820 SoC အသုံးျပဳ Samsung Galaxy S10 Series ျဖစ္တဲ့ Galaxy 10+, Galaxy S10 5G, Galaxy S10 နဲ႔ Galaxy S10e တို႔က အသီးအသီး ရပ္တည္ေနၾကပါတယ္။ Kirin 980 SoC အသုံးျပဳ စမတ္ဖုန္းေတြ ျဖစ္တဲ့ Huawei P30 နဲ႔ P30 Pro တို႔ကေတာ့ နံပါတ္ ၉ နဲ႔ ၁၀ ေနရာေတြမွာ ရပ္တည္ေနၾကပါတယ္။

အထက္ပါ စာရင္းဟာ AnTuTu ဝက္ဆိုက္မွာ လာေရာက္စမ္းသပ္တဲ့ စမတ္ဖုန္း ေမာ္ဒယ္တိုင္းရဲ႕ အျမင့္ဆုံး ရမွတ္ကို ေဖာ္ျပထားတာ မဟုတ္ဘဲ ပ်မ္းမွ်ရလဒ္ကိုသာ ရယူထားတာ ျဖစ္ပါတယ္။ ၂၀၁၉၊ ေမ ၁ရက္ေန႔ကေန ေမ ၃၁ရက္ေန႔အထိ လာေရာက္စမ္းသပ္တဲ့ စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္ ရလဒ္ေတြကို စုေဆာင္းထားတာ ျဖစ္ၿပီး၊ ေမာ္ဒယ္ တစ္မ်ိဴးစီရဲ႕ ပ်မ္းမွ်ရလဒ္ဟာ အနည္းဆုံး အလုံးေရ ၁၀၀၀ အေပၚ အေျခခံထားတယ္လို႔ သိရပါတယ္။

Ref : AnTuTu

[Unicode]

လက်ရှိအချိန်မှာ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း ( AnTuTu )

AnTuTu အနေနဲ့ နိုင်ငံတကာစျေးကွက်မှာ ဖြန့်ချိရောင်းချနေတဲ့ Android စမတ်ဖုန်းတွေထဲကမှ စွမ်းဆောင်ရည် အမြင့်ဆုံး စမတ်ဖုန်း ၁၀မျိူး စာရင်းကို မေလအတွက် ထုတ်ပြန်ကြေညာပေးလိုက်ပါပြီ။ AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်အရ စွမ်းဆောင်ရည် အမြင့်ဆုံး စမတ်ဖုန်းအဖြစ် နံပါတ် ၁နေရာမှာ ရပ်တည်နေသူက Snapdragon 855 SoC အသုံးပြု OnePlus 7 Pro ဖြစ်ပါတယ်။ အလားတူ SoC ကိုပဲ အသုံးပြုထားတဲ့ Xiaomi Mi 9 နဲ့ Mi BlackShark 2 တို့ကတော့ နံပါတ် ၂ နဲ့ ၃နေရာတွေမှာ အသီးသီးရပ်တည်နေကြပါတယ်။

နံပါတ် ၄နေရာမှာ ရပ်တည်နေသူက LG V50 ThinQ 5G ဖြစ်ပြီး၊ သူလည်းပဲ Snapdragon 855 SoC ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ နံပါတ် ၅၊ ၆၊ ၇ နဲ့ ၈ နေရာတွေမှာတော့ Exynos 9820 SoC အသုံးပြု Samsung Galaxy S10 Series ဖြစ်တဲ့ Galaxy 10+, Galaxy S10 5G, Galaxy S10 နဲ့ Galaxy S10e တို့က အသီးအသီး ရပ်တည်နေကြပါတယ်။ Kirin 980 SoC အသုံးပြု စမတ်ဖုန်းတွေ ဖြစ်တဲ့ Huawei P30 နဲ့ P30 Pro တို့ကတော့ နံပါတ် ၉ နဲ့ ၁၀ နေရာတွေမှာ ရပ်တည်နေကြပါတယ်။

အထက်ပါ စာရင်းဟာ AnTuTu ဝက်ဆိုက်မှာ လာရောက်စမ်းသပ်တဲ့ စမတ်ဖုန်း မော်ဒယ်တိုင်းရဲ့ အမြင့်ဆုံး ရမှတ်ကို ဖော်ပြထားတာ မဟုတ်ဘဲ ပျမ်းမျှရလဒ်ကိုသာ ရယူထားတာ ဖြစ်ပါတယ်။ ၂၀၁၉၊ မေ ၁ရက်နေ့ကနေ မေ ၃၁ရက်နေ့အထိ လာရောက်စမ်းသပ်တဲ့ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည် ရလဒ်တွေကို စုဆောင်းထားတာ ဖြစ်ပြီး၊ မော်ဒယ် တစ်မျိူးစီရဲ့ ပျမ်းမျှရလဒ်ဟာ အနည်းဆုံး အလုံးရေ ၁၀၀၀ အပေါ် အခြေခံထားတယ်လို့ သိရပါတယ်။

Ref : AnTuTu