AnTuTu က စက်တင်ဘာလအတွက် စွမ်းရည် အကောင်းဆုံး ဖုန်း ၁၀ လုံးစာရင်းကို ထုန်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ စာရင်းမှာ အများစုက Qualcomm Snapdragon 8+ Gen 1 Chipset ပါတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတာက MediaTek Dimensity 9000+ ပါတဲ့ Asus ROG Phone 6D ဟာ SD8+ G1 ဖုန်းတွေထက် ရမှတ်များကာ နံပါတ် ၁ နေရာကို ရထားပါတယ်။

AnTuTu best performing flagship phones for September 2022

Asus ROG Phone 6D ဟာ ၁,၁၂၃,၀၃၆ မှတ်နဲ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး ကျန်တဲ့ ဖုန်း အားလုံးဟာ Snapdragon 8+ Gen 1 ထည့်သွင်းထားတာပါ။ OnePlus Ace Pro ဟာ နံပါတ် ၂ နေရာမှာ ရှိနေပြီး ၁,၁၁၁,၂၀၀ မှတ်ရထားပါတယ်။ iQOO 10 Pro က ၁,၁၁၁,၂၀၀ မှတ်နဲ့ နံပါတ် ၃ နေရာကို ရထားပါတယ်။

Black Shark 7S Pro, Lenovo Legion Y70 နဲ့ iQOO 10 တို့က နံပါတ် ၄၊ ၅ နဲ့ ၆ နေရာကို အသီးသီးရထားပြီး ၁,၀၈၈,၀၇၄ ၊ ၁,၀၈၆,၃၈၁ နဲ့ ၁,၀၈၁,၇၆၆ မှတ် အသီးသီးရထားပါတယ်။ အဲဒီဖုန်းတွေရဲ့အောက်မှာ Moto X30 Pro, Xiaomi 12S Pro, Redmi K50 Ultra နဲ့ Xiaomi MIX Fold 2 တို့ ရှိနေပြီး ၁,၀၆၈,၆၈၅ ၊ ၁,၀၆၇,၉၁၃၊ ၁,၀၆၈,၇၆၆ နဲ့ ၁,၀၅၄,၀၃၅ မှတ် အသီးသီး ရထားပါတယ်။

AnTuTu best performing sub-flagship phones for September 2022

AnTuTu က အကောင်းဆုံး စွမ်းရည်သင့်ဖုန်း စာရင်းကိုလည်း ကြေညာလိုက်ပြီး Dimensity 8100 Max ပါတဲ့ OnePlus Ace, OnePlus Ace Racing Edition နဲ့ OPPO Reno 8 Pro+ 5G တို့ဟာ စာရင်းမှာ ထိပ်ဆုံး ၃ နေရာကို ရထားပါတယ်။

Ref : gizmochina