Meizu 17 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။ အဲဒီအချိန်တုန်းကတည်းက Meizu 17 ကို Tease လုပ်ခဲ့တာဖြစ်ပြီး ကြားကာလတစ်လျှောက် အချက်အလက်အတော်များများလည်း ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကတော့ Meizu 17 ရဲ့ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းပါ ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ AnTuTu မှာပါ မြင်တွေ့လာရပြီး Meizu 17 ရဲ့ အစိတ်အပိုင်းအချို့ကို အတည်ပြုနိုင်ခဲ့ပါပြီ။

Meizu 17 ကို မော်ဒယ်နံပါတ် “m2081” နဲ့ မြင်တွေ့ရတာဖြစ်ပါတယ်။ LPDDR4X RAM 8GB နဲ့ သိုလှောင်မှုပမာဏ 128GB ရှိကြောင်းလည်း အတည်ပြုနိုင်ခဲ့ပါပြီ။ အခြေခံမော်ဒယ်မှာတော့ LPDDR4X RAM နဲ့ဖြစ်ပြီး အခြားအမျိုးကွဲတွေမှာ တော့ LPDDR5 RAM ကိုလည်း မြင်တွေ့ရဖွယ်ရှိပါတယ်။ ဒီအကြောင်းတွေကတော့ အစောပိုင်းပေါက်ကြားမှုတွေမှာလည်း သိခဲ့ပြီးဖြစ်မှာပါ။

Meizu 17 ဟာ 6.5-inch AOMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး Refresh Rate ကတော့ 90Hz ဖြစ်ပါလိမ့်မယ်။ Snapdragon 865 processor နဲ့အတူ Snapdragon X55 5G modem လည်း ပါဝင်ပါလိမ့်မယ်။ 8GB RAM + 256GB နဲ့ 12GB RAM + 256GB မော်ဒယ်တွေအနေနဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ UFS 3.0 ကို အမျိုးအစားအားလုံးမှာ သုံးထားမယ်လို့ မျှော်လင့်ရပါတယ်။

ကျောဘက်မှာတော့ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ 64MP Samsung FW1 sensor အဓိကကင်မရာဖြစ်ပြီး 8MP ultrawide, 5MP telephoto, 2MP depth sensor တို့ပါဝင်မယ်လို့ သိရပါတယ်။ Selfie ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်ကတော့ မသိရသေးပါဘူး။ In-Display fingerprint ဖြစ်ပြီး 4,500mAh ဘက်ထရီနဲ့ 30W အမြန်အားသွင်းစနစ်ထောက်ပံ့ထားဖွယ်ရှိပါတယ်။

Ref: Gizmochina