[Zawgyi]

AnTuTu ဆိုတာ ဖုန္းေတြအတြက္ စံႏႈန္းေတြ သတ္မွတ္ေပးတဲ့ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕အေျခစိုက္ကုမၸဏီတစ္ခုရဲ႕ Software benchmarking tool တစ္ခုဆိုတာ အားလုံးလည္း သိၾကမွာပါ။ စမတ္ဖုန္းေတြရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔ ပတ္သက္ရင္ AnTuTu ရဲ႕ ရမွတ္ေတြကိုၾကည့္လိုက္တာနဲ႔ သိႏိုင္ပါတယ္။ အခုလည္း AnTuTu က လအလိုက္ စြမ္းေဆာင္ရည္အေကာင္းဆုံး Android ဖုန္း ၁၀ လုံးစာရင္းကို ထုတ္ေဖာ္လိုက္ပါတယ္။

AnTuTu ရဲ႕ ဒီဇင္ဘာလအတြက္ စြမ္းေဆာင္ရည္အေကာင္းဆုံး Android ဖုန္း ၁၀ လုံးကို ဦးေဆာင္ေနတာကေတာ့ ZTE nubia Red Magic Mars ပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ရမွတ္ကေတာ့ 320,464 ျဖစ္ၿပီး ဒုတိယေနရာက Huawei Mate 20 ကေတာ့ ရမွတ္ 309,130 ပဲ ျဖစ္ပါတယ္။ Mate 20 Pro ကေတာ့ ရမွတ္ 302,872 နဲ႔ ပၪၥမေနရာကို ေရာက္ရွိေနတာပါ။

AnTuTu ရဲ႕ Benchmark ရလဒ္ေတြဟာ ေလးပိုင္းခြဲထားပါတယ္။ ေနာက္ဆုံးရလဒ္ကေတာ့ CUP စြမ္းေဆာင္ရည္၊ GPU စြမ္းေဆာင္ရည္၊ UX နဲ႔ Memory တို႔ရဲ႕ ရမွတ္ေတြအားလုံးကို ေပါင္းထားတာပဲ ျဖစ္ပါတယ္။ ထိပ္ဆုံးမွာ ရပ္တည္ခဲ့တဲ့ ZTE nubia Red Magic Mars ဟာ Snapdrogon 845 chipset ကိုအသုံးျပဳထားၿပီး Memory 10GB RAM နဲ႔တြဲဖက္ေပးထားတာ ျဖစ္ပါတယ္။

ဒီဇင္ဘာလအတြက္ စြမ္းေဆာင္ရည္အေကာင္းဆုံးဖုန္း ၁၀ လုံးမွာ Huawei က ထိပ္ဆုံးေနရာကို မရရွိခဲ့ေပမယ့္ အမွတ္စဥ္ ၂ ကေနစၿပီး အမွတ္စဥ္ ၆ အထိ စုစုေပါင္း ၅ ေနရာကို အသီးသီးရရွိခဲ့တာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ Black Shark Helo ကေတာ့ အမွတ္စဥ္ ၇ ေနရာကို ေရာက္ရွိသြားၿပီး Black Shark ကေတာ့ အမွတ္စဥ္ ၉ ေနရာကို ေရာက္ရွိေနတာ ေတြ႕ရပါတယ္။

Ref: GSMarena

[Unicode]

AnTuTu ဆိုတာ ဖုန်းတွေအတွက် စံနှုန်းတွေ သတ်မှတ်ပေးတဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုရဲ့ Software benchmarking tool တစ်ခုဆိုတာ အားလုံးလည်း သိကြမှာပါ။ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ရင် AnTuTu ရဲ့ ရမှတ်တွေကိုကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ အခုလည်း AnTuTu က လအလိုက် စွမ်းဆောင်ရည်အကောင်းဆုံး Android ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ဖော်လိုက်ပါတယ်။

AnTuTu ရဲ့ ဒီဇင်ဘာလအတွက် စွမ်းဆောင်ရည်အကောင်းဆုံး Android ဖုန်း ၁၀ လုံးကို ဦးဆောင်နေတာကတော့ ZTE nubia Red Magic Mars ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရမှတ်ကတော့ 320,464 ဖြစ်ပြီး ဒုတိယနေရာက Huawei Mate 20 ကတော့ ရမှတ် 309,130 ပဲ ဖြစ်ပါတယ်။ Mate 20 Pro ကတော့ ရမှတ် 302,872 နဲ့ ပဉ္စမနေရာကို ရောက်ရှိနေတာပါ။

AnTuTu ရဲ့ Benchmark ရလဒ်တွေဟာ လေးပိုင်းခွဲထားပါတယ်။ နောက်ဆုံးရလဒ်ကတော့ CUP စွမ်းဆောင်ရည်၊ GPU စွမ်းဆောင်ရည်၊ UX နဲ့ Memory တို့ရဲ့ ရမှတ်တွေအားလုံးကို ပေါင်းထားတာပဲ ဖြစ်ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ZTE nubia Red Magic Mars ဟာ Snapdrogon 845 chipset ကိုအသုံးပြုထားပြီး Memory 10GB RAM နဲ့တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် စွမ်းဆောင်ရည်အကောင်းဆုံးဖုန်း ၁၀ လုံးမှာ Huawei က ထိပ်ဆုံးနေရာကို မရရှိခဲ့ပေမယ့် အမှတ်စဉ် ၂ ကနေစပြီး အမှတ်စဉ် ၆ အထိ စုစုပေါင်း ၅ နေရာကို အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ Black Shark Helo ကတော့ အမှတ်စဉ် ၇ နေရာကို ရောက်ရှိသွားပြီး Black Shark ကတော့ အမှတ်စဉ် ၉ နေရာကို ရောက်ရှိနေတာ တွေ့ရပါတယ်။

Ref: GSMarena