Zawgyi
Ref: gizmochina
Unicode
AnTuTu မှာ ရေပန်းအစားဆုံးနဲ့ Performance အကောင်းဆုံး စမတ်ဖုန်းများ
AnTuTu အနေနဲ့ နိုဝင်ဘာလထဲမှာ ရေပန်းအစားဆုံး စမတ်ဖုန်း ၁၀မျိူးကို တရုတ်နိုင်ငံအတွက် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ လူစိတ်ဝင်စားမှု အများဆုံး စမတ်ဖုန်း ၁၀လုံးကို ရဖို့အတွက် တရုတ်နိုင်ငံမှာ နိုဝင်ဘာလ ၁ရက်နေ့ကနေ ၃၀ရက်နေ့အထိ AnTuTu ဝက်ဆိုက်ကနေ တစ်ဆင့် စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။
AnTuTu ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရဆိုရင် ရေပန်းအစားဆုံး စမတ်ဖုန်းအဖြစ် ပထမနေရာကို သိမ်းပိုက်ထားသူကတော့ Xiaomi ရဲ့ Mi 8 Explorer Edition ဖြစ်ပါတယ်။ Mi 8 Explorer Edition ဟာ Positive Rating 97% အထိ ရရှိခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလအတွက် ထိပ်ဆုံးနေရာကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြောရမှာပါ။
Samsung Galaxy S9+ နဲ့ Meizu 16th တို့ကတော့ Positive Rating 96% နဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေတာ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက Huawei Mate 10 Pro ဟာ တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ လူစိတ်ဝင်စားမှု ခံနေရတာပါ။ Mate 10 Pro ကတော့ ရေပန်းအစားဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာကို ရယူထားပြီး သူနဲ့အတူ ပူးတွဲရပ်တည်နေတဲ့ သူတွေကတော့ Oppo Find X နဲ့ Meizu 16th Plus တို့ဖြစ်ပါတယ်။
AnTuTu ရဲ့ နိုဝင်ဘာလအတွက် Performance အကောင်းဆုံး စမတ်ဖုန်းတွေကတော့ 7nm Architecture နဲ့ တည်ဆောက်ထားတဲ့ HiSilicon Kirin 980 SoC အသုံးပြု Mate 20 Series စမတ်ဖုန်း ၃လုံးနဲ့ Honor Magic 2 တို့ဖြစ်ပါတယ်။ နံပါတ် (၁) နေရာကို Mate 20, နံပါတ် (၂) နေရာကို Mate 20X, နံပါတ် (၃) နေရာကို Mate 20 Pro နဲ့ နံပါတ် (၄) နေရာကို Honor Magic 2 တို့က အသီးသီး သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။
Ref: gizmochina