EA ကနေ ထုတ်လုပ်ထားတဲ့ Apex Legends ဂိမ်းဟာ လက်ရှိအချိန်အထိ Battle Royale ဂိမ်းတွေထဲမှာ အောင်မြင်မှုရရှိနေသလို Season အသစ်တွေတိုင်းမှာလည်း Character အသစ်တွေ၊ Map အသစ်တွေကို ထုတ်ပေးနေတာဖြစ်ပါတယ်။ Apex Legends ကိုဆော့ကစားချင်တယ်ဆိုရင် ယခင်တုန်းက PC မှာပဲ ဆော့ကစားနိုင်ခဲ့ပေမယ့် အခုအချိန်မှာ စမတ်ဖုန်းမှာပါ Mobile Version အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ EA ကနေ Apex Legends Mobile ဂိမ်းကို Limited Launch အနေနဲ နိုင်ငံ ၁၀ နိုင်ငံအတွင်းမှာပဲ နောက်အပါတ်မှာ စတင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ နိုင်ငံတွေကတော့ Australia ၊ New Zealand ၊ Singapore ၊ Malaysia ၊ Philippines ၊ Indonesia ၊ Mexico ၊ Peru ၊ Argentina နဲ့ Colombia နိုင်ငံတွေပဲဖြစ်ပါတယ်။

Apex Legends Mobile ဟာ Android အပြင် iOS ၂ မျိုးလုံးမှာ ဆော့ကစားနိုင်မှာဖြစ်ပြီး Android မှာဆော့ကစားဖို့အတွက် Android 8.1 နဲ့ RAM 3GB အနည်းဆုံးရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ iOS Device တွေအနေနဲ့ကတော့ အနိမ့်ဆုံး iOS 10 တင်ထားပြီး Apple A9 Chip နဲ့ RAM 2GB လိုအပ်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Limited Launch ပြုလုပ်တဲ့အချိန်မှာ ဆော့ကစားသူတွေအနေနဲ့ Character Legends တွေကိုတော့ အနည်းငယ်ပဲ ဆော့ကစားနိုင်ဦးမှာဖြစ်ပြီး Bloodhound ၊ Gibraltar ၊ Lifeline ၊ Wraith ၊ Bangalore ၊ Octane ၊ Mirage ၊ Pathfinder နဲ့ Caustic တွေပါဝင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တခြား PC နဲ့ Console အတိုင်း Legends အသစ်တွေ အများအပြားပါဝင်ဖွယ်ရှိနေပါတယ်။

EA ရဲ့ ပြောကြားချက်အရတော့ Final Global Release ကြရင် ယခုထက်ပိုပြီး Device တွေအများအပြားကို Support ပေးနိုင်အောင် ဆောင်ရွက်နေပြီး In-game Content တွေလည်း ပိုများလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာတရားဝင် Launch ပြုလုပ်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – GSM Arena