Apex Legends ဟာ PC နဲ့ Console ဂိမ်းလောကမှာ အောင်မြင်မှုရရှိနေတဲ့ Battle Royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Apex Legends ဂိမ်းကို Mobile Version အနေနဲ့ တကမ္ဘာလုံးအတွက် စတင်ထုတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ Game Developer ဖြစ်တဲ့ Respawn Entertainment ကနေ လာမယ့် မေလက စတင်ပြီး Apex Legends Mobile ကို ရပ်ဆိုင်းပိတ်သိမ်းသွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒါကြောင့် တရားဝင်မိတ်ဆက်အပြီး ၁ နှစ်အကြာမှာ Apex Legends ကို Mobile Device တွေမှာ လုံးဝဆော့ကစားနိုင်မှာမဟုတ်တော့ပါဘူး။

Respawn Entertainment ရဲ့ ကြေညာချက်အရ Apex Legends Mobile ဂိမ်းကို မေလ ၁ ရက်နေ့ကနေ စတင်ပြီး ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာလည်း In-game ဝယ်ယူမှုတွေကို ပြုလုပ်နိုင်မှာမဟုတ်တော့ဘဲ Web Store တွေကနေ Download လုပ်လို့မရအောင် ဖယ်ရှားသွားမှာဖြစ်ပါတယ်။

Apex Legends Mobile ဟာ Apple App Store နဲ့ Google Play Store တို့က Game of the Year 2022 ဆိုပြီး ဆုတွေရရှိခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရုတ်တရက်ရပ်ဆိုင်းလိုက်တာက နားလည်ဖို့ခက်ခဲပြီး Respawn Entertainment က ထိန်းချူပ်မရနိုင်တဲ့ အကြောင်းပြချက်တွေကြောင့် ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်ဆိုပြီး ဖြေရှင်းထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Apex Legends ကို ဆက်ပြီးဆော့ကစားချင်တယ်ဆိုရင် Mobile version အစား PC နဲ့ Console တွေမှာ ပုံမှန်အတိုင်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China