LEGO ဟာ LEGO Batman App နဲ့ ထိန်းချုပ် မောင်းနှင်လို့ရတဲ့ Batmobile ကို မနေ့က စတင် မိတ်ဆက်လိုက်ပါတယ်။ ဒီ Batmobile ဟာ LEGO Batmobile ဖြစ်တာနဲ့အညီ တစ်ခုချင်း ဆက်ပြီးမှ မောင်းလို့ရမှာပါ။ အစိတ်အပိုင်း ၃၂၁ ခု ပါဝင်ပြီး Battery Hub နဲ့ Twin Motor လည်းပါပါတယ်။ $160 နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး ကလေးတွေ နဲ့ Superhero Fan တွေ Batman Fan တွေ အတွက် တော့ အကောင်းဆုံး အရုပ်တစ်ခု ဖြစ်လာမှာပါ။

Source: TechRadar

Batmobile ဟာ ဖုန်း App ကို Bluetooth နဲ့ ချိတ်ထားပြီး မောင်းရမှာပါ။ လောလောဆယ်တော့ မောင်းရုံပဲ မောင်းလို့ ရပေမယ့် နောက်ပိုင်းကျရင် Speed တွေ Direction တွေ အသံတွေနဲ့ Stunt တွေကို ထည့်ဖို့ စီစဉ်နေပါတယ်။ LEGO ဟာ သူ့အရုပ်တွေမှာ App Tech ကို ပြီးခဲ့တဲ့နှစ် ကတည်းက စတင် အသုံးပြုနေတာပါ။ LEGO Ninjago Stormbringer မှာဆိုရင် နဂါးရုပ်တစ်ခုက သင့်ရဲ့ Touch နဲ့ Voice ကို Respond လုပ်နိုင်နေပါပြီ။

Source: TechRadar

LEGO ကတော့ သူ့ရဲ့ အရုပ်တွေကို စက်ရုပ်ပေါက်စလေးတွေ အဖြစ် စပြီးပြောင်းလဲနေပါပြီ။ ဒီ LEGO Batmobile ကရော ဘာတွေ လုပ်ပြနိုင်မှာလဲ။ သင့်ပတ်ဝန်းကျင်မှာ LEGO အရုပ်စုတဲ့ လူတွေ Batman Fan တွေရှိရင် ဒီသတင်းကောင်းလေးကို ပြောပြပေးလိုက်ပါဦး။