Apple ရဲ့ App Store ဟာ iPhone အပါအဝင် iDevice တွေအတွက် တစ်ခုတည်းသော Application တွေ၊ Game တွေကို Download ရယူနိုင်တဲ့ Store တစ်ခုဖြစ်ပါတယ်။

အခုလောလောဆယ်မှာ App Store က Developer တွေဆီကနေ Payment အတွက် ၃၀ ရာခိုင်နှုန်းရယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး Fortnite နဲ့ ပြဿနာတက်နေတယ်ဆိုပေမယ့် App Store ရဲ့ ဝင်ငွေက ကျဆင်းသွားခြင်းမရှိပါဘူး။ အခုလည်း App Analytical Firm တစ်ခုဖြစ်တဲ့ Sensor Tower ရဲ့ ပြောကြားချက်အရ App Store ရဲ့ ၂၀၂၀ တတိယ ၃ လပတ်အတွင်း ဝင်ငွေဟာ Google Play Store ရဲ့ ၂ ဆနီးပါးရှိနေတယ်လို့ သိရပါတယ်။

Sensor Tower ရဲ့ ပြောကြားချက်အရတော့ ယခု တတိယ ၃ လပတ်အတွင်းမှာ App Store နဲ့ Play Store ကနေ Application ပေါင်း ၃၆.၅ သန်းအထိ Download ပြုလုပ်ခဲ့ပြီး မနှစ်တုန်းကထက် ၂၃.၃ ရာခိုင်နှုန်းတိုးတက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Application တွေကနေ ဝင်ငွေကလည်း ဒေါ်လာ ၂၉.၃ သန်းအထိ စုစုပေါင်းရရှိခဲ့ပြီး မနှစ်ကထက် ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဝင်ငွေထဲမှာ Apple Apple Store ကနေ ဒေါ်လာ ၁၉ သန်းအထိ ဝင်ငွေရရှိခဲ့တာဖြစ်ပြီး Google Play Store အနေနဲ့ကတော့ ဒေါ်လာ ၁၀.၃ သန်းပဲ ဝင်ငွေရရှိခဲ့ပါတယ်။ Android OS ကို အသုံးပြုနေတဲ့ Device တွေဟာ တကမ္ဘာလုံးရဲ့ စမတ်ဖုန်းစျေးကွက် ၈၅ ရာခိုင်နှုန်းအထိ ရယူထားပေမယ့် Application တွေအပေါ်မှာ ပိုက်ဆံအသုံးပြုမှုကတော့ စျေးကွက် ၁၅ ရာခိုင်နှုန်းပဲရှိတဲ့ Apple iDevice က ၂ ဆနီးပါး ပိုများနေတာလည်းဖြစ်ပါတယ်။

 

Ref – Phone Arena