Zawgyi

Samsung ဟာ အခုအခ်ိန္မွာ Apple Watch ျပီးရင္ အေကာင္းဆံုးေသာ Smartwatch ေတြကို ထုတ္လုပ္ေနတယ္ဆုိေပမယ့္ ဒီ Galaxy Gear Smartwatch ေတြက Google ရဲ႕ Android WearOS အစား Samsung ရဲ႕ ကိုယ္ပိုင္ Tizen OS ကိုပဲ အသံုးျပဳေနတာျဖစ္ပါတယ္။

အခုလုိမ်ိဳး Google ရဲ႕ Android WearOS အစား Tizen OS ကို အသံုးျပဳတာက တဖက္မွာအားနည္းခ်က္ၾကီးၾကီးမားမားရွိေနျပီးေတာ့ ဒါက Voice Assistant ကို သံုးတဲ့ေနရာမွာ Google Assistant အစား Samsung ရဲ႕ ကိုယ္ပိုင္ Bixby Assistant ကိုပဲ သံုးႏုိင္တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Developer Kamil Kierski က ထုတ္ေပးလုိက္တဲ့ GAssist.Net Application ေၾကာင့္ Samsung Galaxy Watch အသံုးျပဳေနတဲ့သူေတြအေနနဲ႔ Google Assistant ကို သံုးႏုိင္ေတာ့မွာျဖစ္ပါတယ္။ ဒီ App ကို Samsung Galaxy Watch အပါအဝင္ တျခားေသာ Tizen OS 4.0 နဲ႔အထက္ Samsung Smartwatch ေတြအားလံုးအသံုးျပဳႏုိင္မွာပါ။

ဒီ GAssist.Net Application ကို Samsung Galaxy Store မွာ Download ျပဳလုပ္ရမွာျဖစ္ျပီးေတာ့ Android ဖုန္းနဲ႔ ခ်ိတ္ဆက္ဖုိ႔အတြက္လည္း Companion App ကို ယခု Play Store Link မွာ Download ျပဳလုပ္ဖုိ႔လုိအပ္မွာပါ။ ျပီးရင္လည္း Google Cloud Platform Website ကေန File တစ္ခုကို Generate လုပ္ျပီး သိမ္းထားဖုိ႔ လုိဦးမွာပါ။ အဲ့ဒါေၾကာင့္ ပံုမွန္ထက္ အနည္းငယ္ခက္ခဲတယ္ဆိုေပမယ့္လည္း Developer က ဘယ္လုိလုပ္ရမလဲဆိုတာကို တစ္ဆင့္ခ်င္းစီေဖာ္ျပေပးသြားေတာ့ အရမ္းၾကီးခက္ေနမွာေတာ့မဟုတ္ပါဘူး။

ျပီးရင္ Permission ေတြကုိ App ကို Setup ျပဳလုပ္ေနတုန္းေပးသြားဖုိ႔လုိျပီးေတာ့ Google Assistant ကို အသံုးျပဳႏုိင္မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ Application ကိုအျမဲဖြင့္ေနဖို႔ မလုိအပ္သလုိ Wake Word လည္း မရွိတဲ့အတြက္ တခ်ိဳ႕ေသာ User ေတြကေတာ့ WearOS မွာ Google Assistant ကိုသံုးရတာထက္ေတာင္ ပိုျမန္ေနေသးတယ္ဆိုျပီး ေျပာၾကားေနတာျဖစ္ပါတယ္။

ဒါေပမယ့္ အခု App က အခုမွ အစပဲရွိေနေသးတဲ့အတြက္ တခ်ိဳ႕ေသာ Setting ခ်ိန္တာေတြနဲ႔ Feature ေတြကေတာ့ အလုပ္လုပ္မွာမဟုတ္ေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ Bixby ထက္ေတာ့ အမ်ားၾကီးပိုေကာင္းေတာ့ ကိုယ့္ဆီမွာ Samsung Smartwatch ရွိေနရင္ စမ္းၾကည့္တာပိုေကာင္းမွာပါ။

Ref – Android Police

Unicode

Samsung ဟာ အခုအချိန်မှာ Apple Watch ပြီးရင် အကောင်းဆုံးသော Smartwatch တွေကို ထုတ်လုပ်နေတယ်ဆိုပေမယ့် ဒီ Galaxy Gear Smartwatch တွေက Google ရဲ့ Android WearOS အစား Samsung ရဲ့ ကိုယ်ပိုင် Tizen OS ကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။

အခုလိုမျိုး Google ရဲ့ Android WearOS အစား Tizen OS ကို အသုံးပြုတာက တဖက်မှာအားနည်းချက်ကြီးကြီးမားမားရှိနေပြီးတော့ ဒါက Voice Assistant ကို သုံးတဲ့နေရာမှာ Google Assistant အစား Samsung ရဲ့ ကိုယ်ပိုင် Bixby Assistant ကိုပဲ သုံးနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Developer Kamil Kierski က ထုတ်ပေးလိုက်တဲ့ GAssist.Net Application ကြောင့် Samsung Galaxy Watch အသုံးပြုနေတဲ့သူတွေအနေနဲ့ Google Assistant ကို သုံးနိုင်တော့မှာဖြစ်ပါတယ်။ ဒီ App ကို Samsung Galaxy Watch အပါအဝင် တခြားသော Tizen OS 4.0 နဲ့အထက် Samsung Smartwatch တွေအားလုံးအသုံးပြုနိုင်မှာပါ။

ဒီ GAssist.Net Application ကို Samsung Galaxy Store မှာ Download ပြုလုပ်ရမှာဖြစ်ပြီးတော့ Android ဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက်လည်း Companion App ကို ယခု Play Store Link မှာ Download ပြုလုပ်ဖို့လိုအပ်မှာပါ။ ပြီးရင်လည်း Google Cloud Platform Website ကနေ File တစ်ခုကို Generate လုပ်ပြီး သိမ်းထားဖို့ လိုဦးမှာပါ။ အဲ့ဒါကြောင့် ပုံမှန်ထက် အနည်းငယ်ခက်ခဲတယ်ဆိုပေမယ့်လည်း Developer က ဘယ်လိုလုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်းစီဖော်ပြပေးသွားတော့ အရမ်းကြီးခက်နေမှာတော့မဟုတ်ပါဘူး။

ပြီးရင် Permission တွေကို App ကို Setup ပြုလုပ်နေတုန်းပေးသွားဖို့လိုပြီးတော့ Google Assistant ကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Application ကိုအမြဲဖွင့်နေဖို့ မလိုအပ်သလို Wake Word လည်း မရှိတဲ့အတွက် တချို့သော User တွေကတော့ WearOS မှာ Google Assistant ကိုသုံးရတာထက်တောင် ပိုမြန်နေသေးတယ်ဆိုပြီး ပြောကြားနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခု App က အခုမှ အစပဲရှိနေသေးတဲ့အတွက် တချို့သော Setting ချိန်တာတွေနဲ့ Feature တွေကတော့ အလုပ်လုပ်မှာမဟုတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် Bixby ထက်တော့ အများကြီးပိုကောင်းတော့ ကိုယ့်ဆီမှာ Samsung Smartwatch ရှိနေရင် စမ်းကြည့်တာပိုကောင်းမှာပါ။

Ref – Android Police