Apple ဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက MacBook Pro 15 ကို Design ပိုင်းအနည်းငယ်ပြောင်းလဲပြီးတော့ MacBook Pro 16 ဆိုပြီး 16″ Display အသစ်နဲ့ ပြောင်းလဲမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ MacBook Pro 16 မှာဆိုရင် CPU Processor ပိုင်းကိုတော့ Intel ရဲ့ 9th Gen Coffee Lake Processor တွေကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး Butterfly Keyboard အစား Scissor Keyboard ကို ပြောင်းလဲခဲ့တဲ့အပြင် Audio ၊ Display နဲ့ Design ပိုင်းကိုပဲ အဓိကထားခဲ့တာဖြစ်ပါတယ်။

အခုလည်း Apple ကနေ MacBook Pro 13 Model ကို 2020 Version အနေနဲ့ အသစ်ထုတ်ပေးသွားတော့မှာဖြစ်ပြီး သတင်းကောင်းအနေနဲ့ Intel ရဲ့ 10th Gen Ice Lake Processor တွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ 2020 MacBook Pro 13 ရဲ့ Benchmark အချို့ပေါက်ကြားလာခဲ့ပြီး အဆိုပါ Benchmark တွေအရ Intel 10th Gen Core i7 – 1068NG7 Ice Lake Processor ကို အသုံးပြုထားပြီး Base Clock 2.3GHz နဲ့ 4.1GHz Turbo Clock ရှိတာကို တွေ့ရပါတယ်။ Benchmark တွေအရတော့ လက်ရှိ 2019 MacBook Pro 13 i5 Model ထက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ 2020 MacBook Pro 13 ဟာ RAM အနေနဲ့ 32GB အထိ ရွေးချယ်နိုင်မှာဖြစ်သလို Storage ကိုလည်း 2TB SSD အထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

ဖြစ်နိုင်တာက Apple အနေနဲ့ ပြီးခဲ့တဲ့ MacBook Pro 16 လိုမျိုးပဲ ယခု 2020 MacBook 13 ကိုလည်း Screen Size အနည်းငယ်ပိုကြီးပြီးတော့ MacBook Pro 14 ဆိုပြီး ပြောင်းလဲသွားနိုင်ပါတယ်။

Ref – Hot Hardware