Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက 2020 iPad Pro အသစ်ကို မိတ်ဆက်ပေးခဲ့ပြီး အဓိကပြောင်းလဲမှုတွေအနေနဲ့ Camera ပိုင်းမှာ Ultrawide Camera ပါဝင်လာတဲ့အပြင် LiDAR Sensor နဲ့ TouchPad ပါဝင်တဲ့ Magic Keyboard တွေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Performance ပိုင်းမှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ A13X Bionic Chip အစား A12Z Bionic Chip ဆိုပြီး ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ CPU Benchmark တွေအရလည်း 2020 iPad Pro ဟာ 2018 iPad Pro ထက် ၁ ရာခိုင်နှုန်းပဲ ပိုပြီးမြန်ဆန်နေတဲ့အတွက် CPU Performance ပိုင်းမှာ အတူတူပဲလို့တောင် ပြောလို့ရနေပါတယ်။

GPU Performance ပိုင်းမှာတော့ 2020 iPad Pro တွေဟာ အနည်းငယ် စွမ်းဆောင်ရည်ပိုကောင်းလာတာကို တွေ့ရပြီး ဒါကလည်း လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ သတင်းတွေအရ Apple ကနေ A12Z Bionic Chip ကို အသစ်ပြန်လည်ထုတ်လုပ်ထားတာကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် Notebook Check နဲ့ TechInsights တို့ရဲ့ ဖော်ပြချက်အရ A12X နဲ့ A12Z Bionic Chip တွေဟာ တူညီတဲ့ Chipset တွေဖြစ်ပြီး A12Z Bionic Chip မှာ GPU Performance ပိုကောင်းနေရတာကလည်း A12X တုန်းက Apple ကနေ တမင်ပိတ်ထားတဲ့ GPU Core တစ်လုံးကို Unlock ပြုလုပ်ထားတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Apple A12Z Bionic Chip က စုစုပေါင်း GPU Core ၈ လုံးနဲ့ အလုပ်လုပ်နိုင်နေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ 2018 iPad Pro တွေဟာ လက်ရှိအချိန်အထိ စွမ်းဆောင်ရည်အကောင်းဆုံး iPad တွေဖြစ်နေပေမယ့် Apple အနေနဲ့ ဒီလိုမျိုး GPU Core ကို တမင် ပိတ်ထားခဲ့တာကတော့ တမျိုးဖြစ်နေပါတယ်။ နောက်ပိုင်းမှာ အဆိုပါ 2018 iPad Pro တွေကိုရော နောက်ဆုံးထွက်ထားတဲ့ A12Z Bionic Chip လိုမျိုး ပိတ်ထားတဲ့ GPU Core ကို Software Update ကနေ တစ်ဆင့် Unlock လုပ်ပေးနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – 9to5Mac