Apple ကနေ လာမယ့် iPhone 12 Series ဖုန်းတွေမှာ A14 Bionic Chip ကို ပြောင်းလဲအသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ A14 Bionic Chip ဟာဆိုရင် 5nm Architecture ကို အစောဆုံးအသုံးပြုလာမယ့် Chipset လည်းဖြစ်ပါတယ်။

အခုအချိန်မှာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ဒီ Apple A14 Bionic Chip ရဲ့ Benchmark အပါအဝင် အသေးစိတ်အချက်အလက်အချို့ကပါ ပေါက်ကြားလာပြီဖြစ်ပါတယ်။ အခုသတင်းက Weibo မှာပေါက်ကြားခဲ့တာဖြစ်ပြီး ဖြစ်နိုင်ခြေများပြားနေပါတယ်။

အဆိုပါသတင်းအရတော့ A14 Bionic Chip ဟာ 6 Cores အမျိုးအစားဖြစ်ပြီး CPU Clock Speed အနေနဲ့ 3090MHz (3.1GHz) ဝန်းကျင်အထိကိုရှိနေတာဖြစ်ပါတယ်။ Geekbench မှာလည်း Single-Core Scroe 1,658 Marks နဲ့ Mulit-core Score 4,612 Marks ရရှိထားတာကိုတွေ့ရပြီးတော့ မနှစ်က iPhone 11 Pro တွေထက်တောင် အများကြီးပိုပြီး မြန်ဆန်နေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Snapdragon 865 ပါဝင်တဲ့ Android Device အားလုံးကိုတောင် နောက်ကောက်ချထားနိုင်သွားပါပြီ။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ A14 Bionic Chip နဲ့ 5nm Architecture အပြင် ဒီလိုမျိုး 3.1GHz Clock Speed အထိရလာတာက iPhone 12 Series တွေမှာ စွမ်းဆောင်ရည်အများကြီးပိုသာသွားဦးမှာပါ။

Ref – Notebook Check