Apple က နောက်မျိုးဆက် AirPods Pro 2 ကို ကြေညာလိုက်ပြီး H2 Chip တပ်ဆင်ထားပါတယ်။ အသံ Frequency များစွာကို ထောက်ပံ့တဲ့ Low-distortion Driver နဲ့ Amp ထည့်သွင်းထားပါတယ်။ ဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ တူညီပြီး ဆီလီကွန် ထိပ်ဖူးနဲ့ Stem တွေ ပါပါတယ်။

Apple AirPods Pro 2 get H2 chip and longer battery life

Apple ရဲ့ Surround အသံ နည်းပညာ ဖြစ်တဲ့ Spatial Audio ကို အဆင့်မြှင့်ထားပြီး Customize လုပ်နိုင်တဲ့ Spatial Audio လုပ်ဆောင်ချက် ပါပါတယ်။ သင့် iPhone က True Depth ကင်မရာကို အသုံးပြုကာ သင့်နား အရွယ်အစားနဲ့ ပုံသဏ္ဍာန်ကို အခြေခံတဲ့ Personal Spatial အသံ ပရိုဖိုင်ကို ဖန်တီးနိုင်ပါတယ်။

Apple AirPods Pro 2 get H2 chip and longer battery life

Active Noise Cancelation (ANC) ကို အဆင့်မြှင့်ထားပြီး Apple က ပထမမျိုးဆက် AirPods Pro ထက် အသံဆူညံမှုကို ၂ ဆ ပိုမို လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ သင့် ပတ်ဝန်းကျင်က ဆူညံသံ အကျယ်ကြီးတွေကို ဖယ်ရှားပေးတဲ့ Adaptive Transparency Mode အသစ် ပါလာပြီး Apple ရဲ့ Force ဆန်ဆာ ထိန်းချုပ်မှုမှာ အသံချိန်ညှိဖို့အတွက် ထိတွေ့ ထိန်းချုပ်မှု အသစ်တွေ ပါလာပါတယ်။

ဘက်ထရီ သက်တမ်းက ၆ နာရီကြာ သီချင်း နားထောင်နိုင်ပြီး Case နဲ့တွဲလိုက်ရင် နာရီ ၃၀ ခံပါတယ်။ Charging Case အသစ်မှာ UWB ကြောင့် Find My Service ကို သုံးနိုင်ပြီး နားကြပ်ပျောက်ရင် အသံအကျယ်ကြီး ထုတ်လုပ်ပေးတဲ့ စပီကာ ပါပါတယ်။ Case ကို Lighting Port ၊ MagSafe Charger ၊ Apple Watch Charger ၊ Qi Charger တွေနဲ့  အားသွင်းနိုင်ပါတယ်။

Apple AirPods Pro 2 ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ ၂၃ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena