Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက AirPods 3 ကို မိတ်ဆက်ခဲ့ပြီး Feature ပိုင်းမှာ AirPods Pro အတိုင်းနီးပါး တူညီအောင် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ AirPods Pro ရဲ့ အားသာချက်က Active Noise Cancellation ကို Support လုပ်နိုင်တာပဲ ရှိနေပြီဖြစ်ပါတယ်။

AirPods Pro ဟာ ထွက်ရှိထားတဲ့အချိန်လည်း ကြာနေပြီဖြစ်တာကြောင့် AirPods Pro 2 ကို ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာက စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုဖြစ်နေပါတယ်။ အခုအချိန်မှာ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Apple ဟာ လာမယ့် ၂၀၂၂ ခုနှစ် တတိယ ၃ လပတ်ဝန်းကျင်မှပဲ AirPods Pro 2 ကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။

အဆိုပါ သတင်းကိုတော့ Apple နဲ့ ပတ်သက်ပြီး အမြဲလိုလိုခန့်မှန်းနေတတ်တဲ့ Bloomberg Media အပြင် Apple Analyst တစ်ဦးဖြစ်တဲ့ Ming-Chi-Kuo တို့ပါ ပြောကြားထားတာဖြစ်တာကြောင့် မှန်ကန်ဖွယ်ရှိနေပါတယ်။ အစောပိုင်းတုန်းက AirPods Pro 2 ကို လာမယ့် ၂၀၂၂ နှစ်ဝက်ပိုင်းမှာ မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပေမယ့် အခုအချိန်မှာတော့ အနည်းငယ်နောက်ကျပြီး တတိယ ၃ လပတ်မှပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Apple AirPods Pro 2 ဟာ Feature ပိုင်းမှာ လက်ရှိ AirPods Pro ထက်တောင် အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်လာဦးမယ်လို့ သိရပြီး အထူးသဖြင့် Active Noise Cancellation ပိုင်းမှာ ပိုကောင်းလာစေမှာဖြစ်ပါတယ်။ပြီးတော့ Battery Life ပိုင်းမှာ အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Design ပိုင်းကိုလည်း ပြောင်းလဲလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် AirPods Pro 2 ကို မိတ်ဆက်ဖို့အချိန်ကတော့ ထပ်မံစောင့်ဆိုင်းရဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။

Ref – Gizmo China