[Zawgyi]

Apple က အလန္းစား AirPods Pro ကို ထုတ္လုပ္ေရာင္းခ်ထားၿပီး ဒီဇိုင္းလန္းသလို ေစ်းကလည္း လန္းပါတယ္။ အခုေတာ့ ေဘာစိကိုမွ တကယ့္ ေဘာစိ အႀကီးစားေတြပဲ ၀ယ္ႏုိင္မယ့္ AirPods Pro Gold Edition  ကို Caviar က မိတ္ဆက္လိုက္ပါတယ္။ ေဒၚလာ ၆၇,၇၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ သိန္း ၁ ေထာင္ေက်ာ္ တန္ပါတယ္။ နားၾကပ္နဲ႔ အားသြင္း Case ကို ေရႊ ၁၈ ကာရက္နဲ႔ အလွဆင္ထားလို႔ ဒီေလာက္ေစ်းႀကီးေနရတာပါ။

ေရႊနဲ႔ သြန္းေလာင္းထားတဲ့ အတြက္ AirPods Pro Gold Edition ဟာ ရိုးရိုး ေမာ္ဒယ္ထက္ ပိုေလးပါတယ္။ နားမွာ တပ္ဆင္ရင္ နည္းနည္းေတာ့ ေလးေနမွာ ျဖစ္ေပမယ့္ ဖက္ရွင္ အရမ္းလန္းခ်င္တဲ့ ေဘာစိေတြအတြက္ အိုေကပါတယ္။ Caviar က “ လူခ်မ္းသာေတြက တန္ဖိုးႀကီး Accessories ေတြနဲ႔ သူတို႔ရဲ႕ အဆင့္အတန္းကို ေဖာ္ျပခ်င္ၾကပါတယ္။ တန္ဖိုးႀကီး အရာ၀တၳဳေတြ၊ ေက်ာက္မ်က္ရတနာေတြကို လူတိုင္းႀကိဳက္ၾကပါတယ္။ အဲဒီအတြက္ ေရႊနဲ႔ အလွဆင္ထားတာ ျဖစ္ၿပီး Apple Logo ပါတဲ့ ထုတ္ကုန္ေတြကို သံုးစြဲေနသူေတြၾကားထဲကမွ ဒီနားၾကပ္က ထင္ေပၚေနမွာ ျဖစ္ပါတယ္။ ဒီနားၾကပ္ကို ၀ယ္မယ့္ သူေတြ ေပၚလာမွာ ေသခ်ာၿပီး အကန္႔အသတ္နဲ႔ပဲ ေရာင္းခ်မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

ေရႊနဲ႔ သြန္းေလာင္းထားတာကလြဲၿပီး တျခား Specs ေတြက ရိုးရိုး ေမာ္ဒယ္နဲ႔ တူညီပါတယ္။ AirPods Pro မွာ H1 Chip ေမာင္းႏွင္ထားၿပီး ဘက္ထရီ သက္တမ္းက ၅ နာရီေလာက္ ေအးေဆး သံုးႏုိင္ပါတယ္။ အားသြင္း Case က ေနာက္ထပ္ ၂၄ နာရီေလာက္ သီခ်င္းနားေထာင္ႏုိင္ေအာင္ စြမ္းေဆာင္ေပးႏုိင္ပါတယ္။ Active Noise Reduction နည္းပညာေၾကာင့္ အသံထြက္က လန္ထြက္ေနမွာပါ။

Ref : gizchina

[Unicode]

သိန်း ၁ ထောင်ကျော်တဲ့ Caviar ရဲ့ AirPods Pro Gold Edition

Apple က အလန်းစား AirPods Pro ကို ထုတ်လုပ်ရောင်းချထားပြီး ဒီဇိုင်းလန်းသလို ဈေးကလည်း လန်းပါတယ်။ အခုတော့ ဘောစိကိုမှ တကယ့် ဘောစိ အကြီးစားတွေပဲ ဝယ်နိုင်မယ့် AirPods Pro Gold Edition ကို Caviar က မိတ်ဆက်လိုက်ပါတယ်။ ဒေါ်လာ ၆၇,၇၉၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၁ ထောင်ကျော် တန်ပါတယ်။ နားကြပ်နဲ့ အားသွင်း Case ကို ရွှေ ၁၈ ကာရက်နဲ့ အလှဆင်ထားလို့ ဒီလောက်ဈေးကြီးနေရတာပါ။

ရွှေနဲ့ သွန်းလောင်းထားတဲ့ အတွက် AirPods Pro Gold Edition ဟာ ရိုးရိုး မော်ဒယ်ထက် ပိုလေးပါတယ်။ နားမှာ တပ်ဆင်ရင် နည်းနည်းတော့ လေးနေမှာ ဖြစ်ပေမယ့် ဖက်ရှင် အရမ်းလန်းချင်တဲ့ ဘောစိတွေအတွက် အိုကေပါတယ်။ Caviar က “ လူချမ်းသာတွေက တန်ဖိုးကြီး Accessories တွေနဲ့ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြချင်ကြပါတယ်။ တန်ဖိုးကြီး အရာဝတ္ထုတွေ၊ ကျောက်မျက်ရတနာတွေကို လူတိုင်းကြိုက်ကြပါတယ်။ အဲဒီအတွက် ရွှေနဲ့ အလှဆင်ထားတာ ဖြစ်ပြီး Apple Logo ပါတဲ့ ထုတ်ကုန်တွေကို သုံးစွဲနေသူတွေကြားထဲကမှ ဒီနားကြပ်က ထင်ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီနားကြပ်ကို ဝယ်မယ့် သူတွေ ပေါ်လာမှာ သေချာပြီး အကန့်အသတ်နဲ့ပဲ ရောင်းချမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ရွှေနဲ့ သွန်းလောင်းထားတာကလွဲပြီး တခြား Specs တွေက ရိုးရိုး မော်ဒယ်နဲ့ တူညီပါတယ်။ AirPods Pro မှာ H1 Chip မောင်းနှင်ထားပြီး ဘက်ထရီ သက်တမ်းက ၅ နာရီလောက် အေးဆေး သုံးနိုင်ပါတယ်။ အားသွင်း Case က နောက်ထပ် ၂၄ နာရီလောက် သီချင်းနားထောင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Active Noise Reduction နည်းပညာကြောင့် အသံထွက်က လန်ထွက်နေမှာပါ။

Ref : gizchina