Apple ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက iPhone 13 Series နဲ့အတူ iPad Mini 6 ကိုပါ အဆင့်မြှင့်တင်မှုတွေအများအပြားနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPad Mini 6 ဟာ Design ပိုင်းပြောင်းလဲမှုတွေအပြင် Performance ပိုင်းမှာလည်း iPhone 13 Series ဖုန်းတွေလိုမျိုးပဲ A15 Bionic Chip ကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေအများအပြား ပြုလုပ်ထားပေမယ့် Apple ကနေ နောက်လာမယ့် iPad Mini ကို ထပ်ပြီး Upgrade လုပ်သွားဦးမယ့်ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် iPad Mini အသစ်မှာ လက်ရှိ iPad Pro တွေမှာပဲ ပါဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ 120Hz ProMotion နည်းပညာကို ထည့်သွင်းပေးဖို့ရှိနေတာကြောင့်ဖြစ်ပါတယ်။

အခုသတင်းကိုတော့ Korean Forum တစ်ခုကနေ ဖော်ပြခဲ့တာဖြစ်ပြီး iPad Mini အသစ်မှာပါဝင်လာမယ့် 120Hz Display ကို Samsung Display ကနေပဲ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Screen Size အနေနဲ့ကတော့ 8.3″ ရှိမှာဖြစ်ပြီး ဖြစ်နိုင်တာကတော့ လက်ရှိ iPad Mini 6 မှာ ကြုံတွေ့နေရတဲ့ Jelly Scrolling ပြဿနာကို ဖြေရှင်းဖို့အတွက်ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း iPad Mini အသစ်ဟာ Design ပိုင်းအရရော၊ Performance ပိုင်းမှာပါ ပြောင်းလဲသွားမှာမဟုတ်ဘဲ လက်ရှိ A15 Bionic Chip ၊ 4GB RAM နဲ့ 128GB Storage တွေကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Apple ကနေ iPad Mini 7 ဆိုပြီး မိတ်ဆက်မယ့်အစား လက်ရှိ iPad Mini 6 ကိုပဲ အစားထိုးပြီး ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena