[Zawgyi]

Apple နဲ႔ Qualcomm တို႔ရဲ႕ မူပိုင္ခြင့္ဆိုင္ရာ ကမာၻေက်ာ္ရန္ပြဲဟာ မထင္မွတ္စရာေကာင္းေလာက္ေအာင္ ၿငိမ္သက္သြားၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကုမၸဏီႏွစ္ခုဟာ သေဘာတူညီမႈအသစ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အေျခအေနကို ေရာက္ရွိသြားလို႔ပဲ ျဖစ္ပါတယ္။

Apple ဟာ စည္းမ်ဥ္းသစ္၊ သေဘာတူညီမႈအသစ္ေတြနဲ႔အတူ Qualcomm ရဲ႕ Chipset ေတြကို ဝယ္ယူေတာ့မယ္လို႔လည္း သိရပါတယ္။ ဒီသတင္းကို Apple က တရားဝင္ထုတ္ျပန္ခဲ့သလို Business Wire မွာလည္း ေဖာ္ျပခဲ့ပါတယ္။ ဒီသေဘာတူညီမႈရဲ႕ ေနာက္ကြယ္မွာ Apple က Qualcomm ကိုေပးေခ်ရမယ့္ (မေဖာ္ျပထားတဲ့) ေငြေၾကးပမာဏတစ္ရပ္လည္း ရွိေနခဲ့တယ္လို႔ သိရပါတယ္။

မူပိုင္ခြင့္သေဘာတူညီခ်က္အရ Apple ရဲ႕ ထုတ္ကုန္ေတြမွာ Qualcomm ရဲ႕ မူပိုင္ခြင့္ေအာက္ကထုတ္ကုန္ေတြကို ၆ နစ္သက္တမ္း ခြင့္ျပဳခ်က္နဲ႔ သုံးစြဲခြင့္ရမွာ ျဖစ္ပါတယ္။ ဒီခြင့္ျပဳမႈဟာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကေန စတင္အသက္ဝင္ၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ ဒီကုမၸဏီႏွစ္ခု ျဖစ္ပြားေနၾကတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ အမႈအခင္းကိစၥေတြလည္း အဆုံးသတ္ၿပီလို႔ ဆိုရမွာပါ။

Apple ဟာ Qualcomm နဲ႔ အခုလိုမ်ိဳး မူပိုင္ခြင့္သေဘာတူညီမႈ စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ရေပမယ့္ ေရရွည္မွာေတာ့ အျခားကုမၸဏီတစ္ခုခုကို မွီခိုအားထားေနရတဲ့အျဖစ္ေတြ ရပ္တန႔္ပစ္ဖို႔ ႀကိဳးစားေနဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple စတင္ေနတဲ့ ကိုယ္ပိုင္ Modem ထုတ္လုပ္မႈ လုပ္ငန္းကလည္း အရွိန္မပ်က္ ဆက္သြားေနဦးမယ္လို႔ ဆိုရမွာပါ။

အခုသေဘာတူညီခ်က္သာ မေျပာင္းလဲဘဲ အတည္ျဖစ္သြားမယ္ဆိုရင္ေတာ့ လာမယ့္ စက္တင္ဘာလမွာ ေဈးကြက္ထဲ ေရာက္ရွိလာမယ့္ Apple ရဲ႕ iPhone ေတြမွာ Qualcomm ရဲ႕ Chip ေတြ ျပန္ေတြ႕လာရဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။ Qualcomm အေနနဲ႔ Apple ကို ေထာက္ပံ့ေပးဖို႔ အလုံးအရင္းလိုက္ ထုတ္လုပ္ႏိုင္မယ့္ အခ်ိန္လုံေလာက္မႈမရွိေတာ့တာလည္း ျဖစ္ႏိုင္တာေၾကာင့္ ဘာဆက္ျဖစ္မလဲဆိုတာကို ေစာင့္ၾကည့္သြားၾကရမွာပါ။

Ref: Android Authority

[Unicode]

တရားရင်ဆိုင်နေတာ ရပ်တန့်ပြီး Chipset အတွက် သဘောတူညီမှုအသစ် ယူလိုက်ကြတဲ့ Apple နဲ့ Qualcomm

Apple နဲ့ Qualcomm တို့ရဲ့ မူပိုင်ခွင့်ဆိုင်ရာ ကမ္ဘာကျော်ရန်ပွဲဟာ မထင်မှတ်စရာကောင်းလောက်အောင် ငြိမ်သက်သွားပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီနှစ်ခုဟာ သဘောတူညီမှုအသစ်နဲ့ စာချုပ်သစ်ချုပ်ဖို့ အခြေအနေကို ရောက်ရှိသွားလို့ပဲ ဖြစ်ပါတယ်။

Apple ဟာ စည်းမျဉ်းသစ်၊ သဘောတူညီမှုအသစ်တွေနဲ့အတူ Qualcomm ရဲ့ Chipset တွေကို ဝယ်ယူတော့မယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို Apple က တရားဝင်ထုတ်ပြန်ခဲ့သလို Business Wire မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီသဘောတူညီမှုရဲ့ နောက်ကွယ်မှာ Apple က Qualcomm ကိုပေးချေရမယ့် (မဖော်ပြထားတဲ့) ငွေကြေးပမာဏတစ်ရပ်လည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

မူပိုင်ခွင့်သဘောတူညီချက်အရ Apple ရဲ့ ထုတ်ကုန်တွေမှာ Qualcomm ရဲ့ မူပိုင်ခွင့်အောက်ကထုတ်ကုန်တွေကို ၆ နစ်သက်တမ်း ခွင့်ပြုချက်နဲ့ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ ဒီခွင့်ပြုမှုဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ စတင်အသက်ဝင်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီနှစ်ခု ဖြစ်ပွားနေကြတဲ့ ဒါဇင်နဲ့ချီတဲ့ အမှုအခင်းကိစ္စတွေလည်း အဆုံးသတ်ပြီလို့ ဆိုရမှာပါ။

Apple ဟာ Qualcomm နဲ့ အခုလိုမျိုး မူပိုင်ခွင့်သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုလိုက်ရပေမယ့် ရေရှည်မှာတော့ အခြားကုမ္ပဏီတစ်ခုခုကို မှီခိုအားထားနေရတဲ့အဖြစ်တွေ ရပ်တန့်ပစ်ဖို့ ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Apple စတင်နေတဲ့ ကိုယ်ပိုင် Modem ထုတ်လုပ်မှု လုပ်ငန်းကလည်း အရှိန်မပျက် ဆက်သွားနေဦးမယ်လို့ ဆိုရမှာပါ။

အခုသဘောတူညီချက်သာ မပြောင်းလဲဘဲ အတည်ဖြစ်သွားမယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာလမှာ ဈေးကွက်ထဲ ရောက်ရှိလာမယ့် Apple ရဲ့ iPhone တွေမှာ Qualcomm ရဲ့ Chip တွေ ပြန်တွေ့လာရဖို့ မျှော်လင့်နိုင်ပါတယ်။ Qualcomm အနေနဲ့ Apple ကို ထောက်ပံ့ပေးဖို့ အလုံးအရင်းလိုက် ထုတ်လုပ်နိုင်မယ့် အချိန်လုံလောက်မှုမရှိတော့တာလည်း ဖြစ်နိုင်တာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်သွားကြရမှာပါ။

Ref: Android Authority