[Zawgyi]

မၾကာေသးခင္က က်င္းပျပဳလုပ္သြားတဲ့ Apple ရဲ႕ စက္တင္ဘာ Event မွာ အေမရိကန္ကုမၸဏီႀကီးဟာ ၂၀၁၉ ခုႏွစ္အတြက္ iPhone ေတြျဖစ္တဲ့ iPhone 11, iPhone 11 Pro နဲ႔ 11 Pro Max ေတြကို ေၾကညာသြားခဲ့ပါတယ္။ ဒီ iPhone သုံးမ်ိဳးဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က iPhone X ေတြေနရာကို ဆက္ခံတာလည္း ျဖစ္ပါတယ္။

နာမည္ေတြကေတာ့ ႀကိဳတင္သတင္းထြက္ခဲ့တဲ့အတိုင္းပဲ Pro ဆိုတဲ့ အသုံးအႏႈန္းကို ေျပာင္းလဲခဲ့တာ ေတြ႕ရပါတယ္။ XR ကို ေျပာင္းလဲလိုက္တာေတြ႕ရပါတယ္။ အထူးသျဖင့္ “R” ကို ေဖ်ာက္ၿပီး 11 တစ္ခုပဲ သုံးလိုက္တာပါ။ 11 ကိုလည္း ေရာမစာလုံးမသုံးေတာ့ဘဲ ဂဏန္းနဲ႔ပဲ တိုက္႐ိုက္ျပန္သုံးလိုက္တာပါ။

iPhone 11 ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က iPhone XR ေနရာမွာ တိုက္႐ိုက္ဆက္ခံတယ္ဆိုတာ အျငင္းပြားစရာ မရွိပါဘူး။ Glass-on-metal ဒီဇိုင္းနဲ႔ျဖစ္ၿပီး 6.1-inch မ်က္ႏွာျပင္ အ႐ြယ္အစားနဲ႔ပဲ ျဖစ္ပါတယ္။ မ်က္္ႏွာျပင္ဟာ အခုအခ်ိန္အထိ Liquid Retina LCD panel ပဲ ျဖစ္ေနၿပီး Resolution ကလည္း XR အတိုင္းပါပဲ။

iPhone 11 ရဲ႕ အႀကီးမားဆုံးေျပာင္းလဲမႈကေတာ့ ေက်ာဘက္မွာ ကင္မရာႏွစ္လုံး ျဖစ္သြားတာပါ။ 12MP ပုံမွန္ကင္မရာနဲ႔ 12MP ultra-wide ကင္မရာသစ္ တြဲစပ္ထားတာပါ။ ဒီအတြက္ ေနရာက်ဥ္းက်ဥ္းေလးမွာပဲျဖစ္ျဖစ္ က်ယ္ျပန႔္တဲ့အျပင္ဘက္မွာပဲျဖစ္ျဖစ္ စိတ္တိုင္းက် ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ iPhone 11 ေတြဟာ $699 (၁၀ သိန္း ၆ ေသာင္းခြဲဝန္းက်င္) ကေန စတင္မွာ ျဖစ္ပါတယ္။

iPhone 11 Pro နဲ႔ 11 Pro Max တို႔ကလည္း XS နဲ႔ XS Max ေတြကို ဆက္ခံတယ္ဆိုတာ သိသာထင္ရွားေနပါတယ္။ ေနာက္ဆုံးေပၚ နည္းပညာေတြ ပါဝင္လာတဲ့ ဒီေမာ္ဒယ္ႏွစ္မ်ိဳးဟာ ႐ုပ္ပိုင္းဆိုင္ရာလည္း အဆင့္ျမႇင့္တင္မႈေတြ ရွိလာခဲ့ပါတယ္။ OLED display ပိုင္းမွာ အေတာ္ေလးကို တိုးတက္ေကာင္းမြန္လာၿပီး Super Retina XDR Display ဆိုတဲ့ နာမည္နဲ႔လိုက္တဲ့ ၾကည္လင္ေတာက္ပမႈနဲ႔ ႐ုပ္ထြက္အရည္အေသြးကို ျပသႏိုင္တယ္လို႔ ဆိုရမွာပါ။

iPhone 11 Pro နဲ႔ Pro Max ႏွစ္မ်ိဳးစလုံးက သိထားၿပီးၾကတဲ့အတိုင္း ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔ပဲ ထြက္ေပၚလာတာပါ။ ပုံမွန္ကင္မရာ၊ Telephoto နဲ႔ Ultra-wide ေတြပဲ ျဖစ္ၾကပါတယ္။ (အေသးစိတ္ကိုေတာ့ သီးျခား သတင္းအေနနဲ႔ ေဖာ္ျပေပးပါမယ္) iPhone 11 ရဲ႕ ေဈးႏႈန္းကေတာ့ $999 (၁၅ သိန္း ၂ ေသာင္းခြဲဝန္းက်င္) ေလာက္က စတင္မွာျဖစ္ၿပီး iPhone 11 Pro Max ကေတာ့ $1099 (၁၆ သိန္း ၈ ေသာင္းဝန္းက်င္) ေလာက္က စတင္မွာ ျဖစ္ပါတယ္။

အခုေၾကညာသြားတဲ့ iPhone သုံးမ်ိဳးစလုံးကို စက္တင္ဘာလ ၁၃ ရက္ေန႔ကေနစတင္ၿပီး အႀကိဳမွာယူမႈ ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ ေဈးကြက္ထဲကို ေရာက္ရွိမွာကေတာ့ စက္တင္ဘာလ ၂၀ ရက္ေန႔ျဖစ္တယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

iPhone 11, iPhone 11 Pro နဲ့ 11 Pro Max တွေကို Apple ကြေညာ

မကြာသေးခင်က ကျင်းပပြုလုပ်သွားတဲ့ Apple ရဲ့ စက်တင်ဘာ Event မှာ အမေရိကန်ကုမ္ပဏီကြီးဟာ ၂၀၁၉ ခုနှစ်အတွက် iPhone တွေဖြစ်တဲ့ iPhone 11, iPhone 11 Pro နဲ့ 11 Pro Max တွေကို ကြေညာသွားခဲ့ပါတယ်။ ဒီ iPhone သုံးမျိုးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က iPhone X တွေနေရာကို ဆက်ခံတာလည်း ဖြစ်ပါတယ်။

နာမည်တွေကတော့ ကြိုတင်သတင်းထွက်ခဲ့တဲ့အတိုင်းပဲ Pro ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ XR ကို ပြောင်းလဲလိုက်တာတွေ့ရပါတယ်။ အထူးသဖြင့် “R” ကို ဖျောက်ပြီး 11 တစ်ခုပဲ သုံးလိုက်တာပါ။ 11 ကိုလည်း ရောမစာလုံးမသုံးတော့ဘဲ ဂဏန်းနဲ့ပဲ တိုက်ရိုက်ပြန်သုံးလိုက်တာပါ။

iPhone 11 ကတော့ ပြီးခဲ့တဲ့နှစ်က iPhone XR နေရာမှာ တိုက်ရိုက်ဆက်ခံတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ Glass-on-metal ဒီဇိုင်းနဲ့ဖြစ်ပြီး 6.1-inch မျက်နှာပြင် အရွယ်အစားနဲ့ပဲ ဖြစ်ပါတယ်။ မျက််နှာပြင်ဟာ အခုအချိန်အထိ Liquid Retina LCD panel ပဲ ဖြစ်နေပြီး Resolution ကလည်း XR အတိုင်းပါပဲ။

iPhone 11 ရဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ ကျောဘက်မှာ ကင်မရာနှစ်လုံး ဖြစ်သွားတာပါ။ 12MP ပုံမှန်ကင်မရာနဲ့ 12MP ultra-wide ကင်မရာသစ် တွဲစပ်ထားတာပါ။ ဒီအတွက် နေရာကျဉ်းကျဉ်းလေးမှာပဲဖြစ်ဖြစ် ကျယ်ပြန့်တဲ့အပြင်ဘက်မှာပဲဖြစ်ဖြစ် စိတ်တိုင်းကျ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ iPhone 11 တွေဟာ $699 (၁၀ သိန်း ၆ သောင်းခွဲဝန်းကျင်) ကနေ စတင်မှာ ဖြစ်ပါတယ်။

iPhone 11 Pro နဲ့ 11 Pro Max တို့ကလည်း XS နဲ့ XS Max တွေကို ဆက်ခံတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်လာတဲ့ ဒီမော်ဒယ်နှစ်မျိုးဟာ ရုပ်ပိုင်းဆိုင်ရာလည်း အဆင့်မြှင့်တင်မှုတွေ ရှိလာခဲ့ပါတယ်။ OLED display ပိုင်းမှာ အတော်လေးကို တိုးတက်ကောင်းမွန်လာပြီး Super Retina XDR Display ဆိုတဲ့ နာမည်နဲ့လိုက်တဲ့ ကြည်လင်တောက်ပမှုနဲ့ ရုပ်ထွက်အရည်အသွေးကို ပြသနိုင်တယ်လို့ ဆိုရမှာပါ။

iPhone 11 Pro နဲ့ Pro Max နှစ်မျိုးစလုံးက သိထားပြီးကြတဲ့အတိုင်း ကျောဘက်ကင်မရာ သုံးလုံးနဲ့ပဲ ထွက်ပေါ်လာတာပါ။ ပုံမှန်ကင်မရာ၊ Telephoto နဲ့ Ultra-wide တွေပဲ ဖြစ်ကြပါတယ်။ (အသေးစိတ်ကိုတော့ သီးခြား သတင်းအနေနဲ့ ဖော်ပြပေးပါမယ်) iPhone 11 ရဲ့ ဈေးနှုန်းကတော့ $999 (၁၅ သိန်း ၂ သောင်းခွဲဝန်းကျင်) လောက်က စတင်မှာဖြစ်ပြီး iPhone 11 Pro Max ကတော့ $1099 (၁၆ သိန်း ၈ သောင်းဝန်းကျင်) လောက်က စတင်မှာ ဖြစ်ပါတယ်။

အခုကြေညာသွားတဲ့ iPhone သုံးမျိုးစလုံးကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေစတင်ပြီး အကြိုမှာယူမှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဈေးကွက်ထဲကို ရောက်ရှိမှာကတော့ စက်တင်ဘာလ ၂၀ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။

Ref: Phone Arena