[Zawgyi]

Apple ရဲ႕ စက္တင္ဘာ Event ကေတာ့ ေမွ်ာ္လင့္ထားတာေတြအတြက္ စိတ္မပ်က္ေစရဘူးလို႔ပဲ ဆိုရမွာပါ။ ၿပီးခဲ့တဲ့ ဇူလိုင္လကုန္တုန္းက သတင္းထြက္ခဲ့တဲ့အတိုင္း Apple ဟာ iPad သစ္တစ္မ်ိဳးကို ေၾကညာခဲ့ပါတယ္။ ဒီ iPad ဟာ $329 (၅သိန္းဝန္းက်င္) ျဖစ္ေပမယ့္ ပိုႀကီးတဲ့ Retina Display နဲ႔ ျဖစ္ပါတယ္။

ဒါဟာ iPad မိသားစုဝင္ထဲမွာ ေနာက္ဆုံးေပၚ Addition ျဖစ္ၿပီး သတၱမေျမာက္ မ်ိဳးဆက္လည္း ျဖစ္တယ္လို႔ Apple ရဲ႕ ဒုတိယဥကၠ႒ Greg Joswiak က ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ပြဲမွာ iPad သစ္ရဲ႕ Specs ေတြအေၾကာင္းကို အေသးစိတ္ မေျပာသြားေပမယ့္ 3.5 million pixels နဲ႔ 10.2-inch Retina Display ျဖစ္တယ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း သိခဲ့ၾကရပါတယ္။

iPad သစ္ရဲ႕ မ်က္ႏွာျပင္ဟာ Apple Pencil ကို ေထာက္ပံ့ေပးတယ္ဆိုေပမယ့္ ဒီ Accessory ရဲ႕ ပထမဆုံး မ်ိဳးဆက္ကိုပဲ ေထာက္ပံ့ေပးႏိုင္မယ္လို႔ သိရပါတယ္။ သတၱမေျမာက္မ်ိဳးဆက္ iPad ရဲ႕ အတြင္းပိုင္းမွာေတာ့ Apple A10 system chip ကို အသုံးျပဳထားပါတယ္။ ဒါဟာ High-performance ၂ ခုနဲ႔ Low-power cores ႏွစ္ခု ပါဝင္တဲ့ Quad-core silicon ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက iPhone 7 မွာ ေတြ႕ခဲ့ရတာနဲ႔ တူတယ္လို႔ ဆိုရမွာပါ။

သတၱမေျမာက္မ်ိဳးဆက္ iPad သစ္အတြက္ Apple ဟာ အခ်ိန္အေတာ္မ်ားမ်ားေပးခဲ့တယ္လို႔လည္း သိရပါတယ္။ တက္ဘလက္အသစ္မွာ iPadOS သစ္နဲ႔ သူ႔ရဲ႕ Feature ေတြရဲ႕ အားသာခ်က္ေတြကို ဘယ္ေလာက္ထိ ျမင္သာေအာင္ ျပသႏိုင္မလဲဆိုတာအတြက္ ဒီဇိုင္းထုတ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒီ iPad သစ္ဟာ $329 ကေန စတင္မွာျဖစ္ၿပီး၊ အခုအခ်ိန္ကစလို႔ အႀကိဳမွာယူမႈျပဳလုပ္ႏိုင္ေပမယ့္ စက္တင္ဘာလ ၃၀ ရက္ေန႔မွ ေဈးကြက္ထဲကို စတင္ေရာက္ရွိမွာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

ပိုကြီးတဲ့ Retina display နဲ့ ၅သိန်းဝန်းကျင်တန် iPad သစ်ကို ကြေညာလိုက်တဲ့ Apple

Apple ရဲ့ စက်တင်ဘာ Event ကတော့ မျှော်လင့်ထားတာတွေအတွက် စိတ်မပျက်စေရဘူးလို့ပဲ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်တုန်းက သတင်းထွက်ခဲ့တဲ့အတိုင်း Apple ဟာ iPad သစ်တစ်မျိုးကို ကြေညာခဲ့ပါတယ်။ ဒီ iPad ဟာ $329 (၅သိန်းဝန်းကျင်) ဖြစ်ပေမယ့် ပိုကြီးတဲ့ Retina Display နဲ့ ဖြစ်ပါတယ်။

ဒါဟာ iPad မိသားစုဝင်ထဲမှာ နောက်ဆုံးပေါ် Addition ဖြစ်ပြီး သတ္တမမြောက် မျိုးဆက်လည်း ဖြစ်တယ်လို့ Apple ရဲ့ ဒုတိယဥက္ကဋ္ဌ Greg Joswiak က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပွဲမှာ iPad သစ်ရဲ့ Specs တွေအကြောင်းကို အသေးစိတ် မပြောသွားပေမယ့် 3.5 million pixels နဲ့ 10.2-inch Retina Display ဖြစ်တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း သိခဲ့ကြရပါတယ်။

iPad သစ်ရဲ့ မျက်နှာပြင်ဟာ Apple Pencil ကို ထောက်ပံ့ပေးတယ်ဆိုပေမယ့် ဒီ Accessory ရဲ့ ပထမဆုံး မျိုးဆက်ကိုပဲ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ သတ္တမမြောက်မျိုးဆက် iPad ရဲ့ အတွင်းပိုင်းမှာတော့ Apple A10 system chip ကို အသုံးပြုထားပါတယ်။ ဒါဟာ High-performance ၂ ခုနဲ့ Low-power cores နှစ်ခု ပါဝင်တဲ့ Quad-core silicon ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက iPhone 7 မှာ တွေ့ခဲ့ရတာနဲ့ တူတယ်လို့ ဆိုရမှာပါ။

သတ္တမမြောက်မျိုးဆက် iPad သစ်အတွက် Apple ဟာ အချိန်အတော်များများပေးခဲ့တယ်လို့လည်း သိရပါတယ်။ တက်ဘလက်အသစ်မှာ iPadOS သစ်နဲ့ သူ့ရဲ့ Feature တွေရဲ့ အားသာချက်တွေကို ဘယ်လောက်ထိ မြင်သာအောင် ပြသနိုင်မလဲဆိုတာအတွက် ဒီဇိုင်းထုတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒီ iPad သစ်ဟာ $329 ကနေ စတင်မှာဖြစ်ပြီး၊ အခုအချိန်ကစလို့ အကြိုမှာယူမှုပြုလုပ်နိုင်ပေမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှ ဈေးကွက်ထဲကို စတင်ရောက်ရှိမှာ ဖြစ်ပါတယ်။

Ref: Phone Arena