Mac တွေအတွက် M1 silicon သစ်တွေကို ကြေညာပြီးတဲ့နောက်မှာတော့ Apple ဟာ Processor သစ်နဲ့ MacBook အသစ်နှစ်မျိုးကို ကြေညာလာပြီ ဖြစ်ပါတယ်။ တစ်မျိုးကတော့ MacBook Air (2020) ဖြစ်ပြီး နောက်တစ်မျိုးကတော့ 13-inch MacBook Pro ပဲ ဖြစ်ပါတယ်။


MacBook Air (2020)

MacBook Air အသစ်ဟာ Arm-based processor မောင်းနှင်တဲ့ ပထမဆုံး MacBook ဖြစ်လာပါတယ်။ သိသိသာသာ ပြောင်းလဲလာတာကတော့ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်မှုနဲ့ ဘက်ထရီသက်တမ်း တိုးမြင့်လာမှုပါပဲ။ Apple ဟာ MacBook Air (2020) ကို $999 (၁၂ သိန်း ၉ သောင်းခွဲဝန်းကျင်)(ပညာရေးအတွက်ဆို $899 ၁၁ သိန်း ၆ သောင်းခွဲဝန်းကျင်) နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

M1 processor အသစ်နဲ့ MacBook Air ဟာ Graphic ပိုင်းမှာ ၅ ဆပိုမြန်လာသလို၊ CPU ပိုင်းမှာလည်း ၃.၅ ဆ ပိုမြန်လာပါမယ်။ Machine learning ပိုင်းမှာလည်း ၉ ဆပိုမြန်ဆန်လာသလို ဘက်ထရီကြာရှည်ခံမှုကလည်း တစ်ကြိမ်အားသွင်းပြီး ၁၈ နာရီအထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါဟာ MacBook Air တွေထဲမှာ အကြာဆုံး အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်း ဖြစ်ပါတယ်။

MacBook Air မှာ Cooling Fan ကို ဖယ်ရှားထားတာကြောင့် ဆူညံသံလုံးဝမရှိတော့ဘူးလို့ ဆိုနိုင်ပေမယ့်၊ အပူချိန်မြင့်တက်မှုကိုတော့ ဘယ်လောက်အထိ ထိန်းသိမ်းထားနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ MacBook Air ဟာ P3 wide color gamut နဲ့ 13.3-inch Retina Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 16GB of RAM နဲ့ 2TB SSD storage လည်း ထောက်ပံ့ပေးထားပြီး ၂ ဆပိုမြန်တယ်လို့ Apple က အခိုင်အမာဆိုထားပါတယ်။

Touch ID, Bluetooth 5.0, Wi-Fi 6 နဲ့ လုံခြုံရေးစိတ်ချရတဲ့ Laptop လို့ ဆိုနိုင်ပါတယ်။ USB-C port နှစ်ခုပါပြီး အားသွင်းနိုင်သလို၊ DisplayPort, Thunderbolt 3 နဲ့ USB 3.1 Gen 2 လည်း ထောက်ပံ့ထားပါသေးတယ်။ ညာဘက်ခြမ်းမှာတော့ Audio jack ပါဝင်ပြီး macOS Big Sur မောင်းနှင်ထားတာလည်း ဖြစ်ပါတယ်။ MacBook Air (2020) ကို Gold, Silver နဲ့ Space Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

13-inch MacBook Pro

13-inch MacBook Pro အသစ်ကလည်း Apple M1 processor ကို အသုံးပြုထားတာပါ။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ ကြီးကြီးမားမား ပြောင်းလဲတိုးတက်လာဖို့ မျှော်လင့်နိုင်ပါတယ်။ CPU ဟာ ၂.၈ ဆမြန်ဆန်ပြီး GPU ကတော့ ၅ ဆ မြန်ဆန်သလို၊ Machine learning မှာတော့ Intel processor သုံး ပြီးခဲ့တဲ့ မျိုးဆက်ထက် ၁၁ ဆအထိ ပိုမိုမြန်ဆန်တယ်လို့လည်း ဆိုပါတယ်။

13-inch MacBook Pro အသစ်ရဲ့ ဘက်ထရီသက်တမ်းဟာ ဝက်ဘ်ကြည့်ရှိချိန် ၁၇ နာရီနဲ့၊ ဗီဒီယိုဖွင့်ကြည့်မယ်ဆိုရင် နာရီ ၂၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ Mac တွေတိုင်းထက် ပိုပြီးကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းပဲ ဖြစ်ပါတယ်။ 13.3-inch Retina Display နဲ့ဖြစ်ပြီး Magic Keyboard အထက်မှာ Touch bar တစ်ခုလည်း ပါရှိပါတယ်။

သိုလှောင်မှုပမာဏကတော့ 2TB အထိ ထောက်ပံ့ထားပြီး 8GB နဲ့ 16GB RAM ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Configuration တွေအားလုံးကတော့ တူညီတဲ့ Core CPU နဲ့ 8-core GPU ဖြစ်ပါတယ်။ Thunderbolt နဲ့ USB 4 ၊ Audio jack, White balance နဲ့ exposure ချိန်ညှိနိုင်သလို၊ noise လျှော့ချနိုင်တဲ့ HD camera, studio-quality three-mic array, Touch ID နဲ့ Wi-Fi 6 တို့ကို ထောက်ပံ့ထားပါတယ်။

13-inch MacBook Pro အသစ်ကို $1299 ၁၆ သိန်း ၈သောင်းခွဲဝန်းကျင် (ပညာရေးအတွက် $1199 ၁၅ သိန်း ၅ သောင်းခွဲဝန်းကျင်) နဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Space Gray နဲ့ Silver အရောင်နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Gizmochina